ယူကရိန်းနဲ့ ဥရောပဒေသ လုံခြုံရေးအတွက် တပ်အင်အား ၂၀၀,၀၀၀ ထက်မနည်း လိုအပ်ကြောင်း ဇီလန်စကီးပြော

PUBLISHED - January 22, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂
ဘယ်လို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရေးဆွဲပြီးုသည်ဖြစ်စေ ရုရှားနိုင်ငံရဲ့ နောက်ထပ်တိုက်ခိုက်မှုကို ကာ ကွယ်ဖို့အတွက် ဥရောပငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၂၀၀၀၀၀ ထက်မနည်း လိုအပ်မှာဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ဇန်နဝါရီ ၂၁ ရက်နေ့ (အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲကို ရပ်တန့်အောင်လုပ်မယ်လို့ပြောဆိုခဲ့တဲ့ ဒေါ်နယ်ထရမ့်အာဏာပြန်လည်ရရှိပြီး တစ်ရက်အကြာ ဆွစ် ဇာလန်နိုင်ငံ ဒါဗိုးစ်မြို့မှာကျင်းပခဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောကြားစဉ် ဇီလန်စကီးက ဥရောပတိုက်ကို ကာ ကွယ်နိုင်ဖို့အတွက် ပိုမိုဆောင်ရွက်ဖို့ ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။
ရုရှားနိုင်ငံက နောက်ထပ် ထပ်မံတိုက်ခိုက်မလာအောင် ကာကွယ်နိုင်ရေးအတွက် ယူကရိန်းနဲ့ ဥရောပဒေသမှာ တပ်ဖြန့် ချထားဖို့ အရေးတကြီးလိုအပ်နေတယ်လို့ စဉ်းစားထားကြတာဖြစ်ပါတယ်။
“ဥရောပနိုင်ငံအားလုံးက စစ်အင်အား ၂၀၀၀၀၀ လိုပါလိမ့်မယ်။ ဒါ အနည်းဆုံးကိုပြောတာပါ။ အနည်းဆုံး ပြောတာ နော်။” လို့ မိန့်ခွန်းပြောကြားပြီးနောက် အင်တာဗျူးတစ်ခုမှာ ဇီလန်စကီးက ပြောပါတယ်။
ဒီအင်အားဟာ ၂၀၂၀ ပြည့်နှစ်မှာ စစ်အင်အား ၂၀၀,၀၀၀ ကျော်ကျော်သာရှိတဲ့ ပြင်သစ်တပ်မတော်တစ်ရပ်လုံးမှာရှိတဲ့ စစ်အင်အား အရွယ်အစားပမာဏလောက်ရှိပါတယ်။
ရုရှားစစ်အင်အားက ၁.၅ သန်းရှိလာပြီး ယူကရိန်းနိုင်ငံက အဲဒီတစ်ဝက်လောက်သာရှိမယ်ဆိုရင် လုံခြုံရေးအာမခံချက် တစ်ရပ်ရရှိဖို့အတွက် အဲဒီ အင်အား ၂၀၀,၀၀၀ အနည်းဆုံးလိုအပ်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
အဲဒီလောက်အင်အားရှိတဲ့တပ်ဖွဲ့ဟာ ယူကရိန်းနိုင်ငံက လိုအပ်နေတဲ့ လုံခြုံရေးအာမခံချက်တွေထဲက အစိတ်အပိုင်းတစ် ရပ်သာဖြစ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းနိုင်ငံအနေနဲ့ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတယ် လို့ ဇီလန်စကီးက ပြောပါတယ်။
“နှစ်နိုင်ငံအဖွဲ့တွေ တွေ့ဆုံပွဲတစ်ခုဖြစ်မြောက်လာဖို့အတွက် လက်ရှိအချိန်မှာ ညှိနှိုင်းဆောင်ရွက်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ (တနင်္လာနေ့) မှာ အာဏာပြန်ရလာတဲ့ သမ္မတဒေါ်နယ်ထရမ့်ဟာ ၎င်းအာဏာရလာရင် ယူကရိန်း စစ်ပွဲ အမြန်ရပ်တန့်အောင်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပေမဲ့ ဘယ်လိုဆောင်ရွက်မလဲဆိုတာကိုတော့ ပြောကြား ခြင်းမရှိသေးပါဘူး။
ယူကရိန်းတပ်မတော်ကို လက်ရှိအနေအထားကနေ ငါးပုံတစ်ပုံအထိ လျှော့ချဖို့ ရုရှားသမ္မတဗလာဒီမာပူတင်က တောင်း ဆိုလာနိုင်တယ်လို့ ခန့်မှန်းထားပြီး အဲဒီလို တပ်မတော်အရွယ်အစား သိသိသာသာ လျှော့ချပစ်ဖို့အထိ တောင်းဆိုလာ တာမျိုးကို ယူကရိန်းနိုင်ငံက သဘောတူလက်ခံမှာ မဟုတ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
“သူက အဲဒီလိုမျိုးဖြစ်စေ့ချင်နေတာပါ။ သူဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်တို့ မလိုက်လျောနိုင်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
ဥရောပအဖွဲ့ဟာ မိမိတို့ဒေသအတွက်ရော တခြားနိုင်ငံတွေအတွက်ပါ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအာမခံချက် ရရှိစေဖို့အ တွက် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အဓိကအင်အားကြီးအဖွဲ့တစ်ဖွဲ့အဖြစ် ပါဝင်နိုင်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း ဇီလန်စ ကီးက ပြောပါတယ်။
လုံခြုံရေးအတွက် ဥရောပဒေသရဲ့ အထောက်အကူပြုထည့်ဝင်မှုဟာ ဘာမှ ပြောပလောက်အောင်မရှိဘူးလို့ အမေရိ ကန်ပြည်ထောင်စုက ရှုမြင်သဘောထားတဲ့အတွက် ဥရောပဒေသဟာ အမေရိကန်ကို သြဇာလွှမ်းမိုးနိုင်မှု နည်းပါး ကြောင်း ၎င်းက ပြောပါတယ်။
Ref: Zelenskiy says security guarantee would need at least 200,000 peacekeepers
#PeopleMedia