ယူကရိန်းမပါတဲ့ အမေရိကန်-ရုရှား ဆွေးနွေးပွဲတွေ ဇီလန်စကီးပယ်ချ

PUBLISHED - February 18, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈
ယူကရိန်းစစ်ပွဲရပ်စဲရေးအတွက် စီစဉ်ထားတဲ့ အမေရိကန်နဲ့ ရုရှားရဲ့ ဆွေးနွေးပွဲတွေကို ယူကရိန်းသမ္မတဗလာဒီမာဇီလန် စကီးက ဖေဖော်ဝါရီ ၁၇ ရက်နေ့ (တနင်္လာနေ့) က ပယ်ချလိုက်ပြီး ယူကရိန်းနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ဆွေးနွေး ပွဲမှန်သမျှ ယူကရိန်းအစိုးရပါဝင်ရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ ရုရှား အရာရှိတွေ တွေ့ဆုံဆွေးနွေးမယ့် အဆင့်မြင့်ဆွေးနွေးပွဲတွေ မစတင်မီ အမေရိကန်နိုင်ငံခြားရေးဝန် ကြီး မာကိုရူဘီယို ဆော်ဒီအာရေးဘီးယားကို ရောက်လာစဉ်အတွင်း ဇီလန်စကီးက အခုလိုပြောကြားလိုက်တာဖြစ်ပါ တယ်။
ယူကရိန်းမပါဘဲ အမေရိကန်-ရုရှား တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတာဟာ ယူကရိန်းကို ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကနေ ဖယ် ထုတ်ထားနိုင်တယ်ဆိုပြီး ယူကရိန်းနိုင်ငံက စိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။
“ယူကရိန်းက အဲဒီဆွေးနွေးပွဲ တက်ရမှာ မဟုတ်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်းနိုင်ငံက ဘာမှမသိပါဘူး။” လို့ ဇီလန်စကီးက နိုင်ငံတော်ခရီးစဉ်အရရောက်ရှိနေတဲ့ ယူအေအီးနိုင်ငံကနေ အွန်လိုင်းအစည်းအဝေးကတစ်ဆင့် သ တင်းထောက်တွေကို ပြောပါတယ်။
“ယူကရိန်းနဲ့ ပတ်သက်တဲ့ ဘယ်လိုစေ့စပ်ဆွေးနွေးမှုမျိုးမဆို ယူကရိန်းနဲ့ သက်ဆိုင်ပါတယ်။ ယူကရိန်းမပါဘဲနဲ့ ဘာ ရလဒ်မှ ထွက်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ မပါဘဲနဲ့ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ ဘယ်လို သဘောတူညီမှုမျိုးကို မဆို ကျွန်တော်တို့ အသိအမှတ်ပြုလက်ခံနိုင်မှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
ရုရှားအစိုးရကတော့ ၎င်းတို့အနေနဲ့ အမေရိကန်နဲ့ ရုရှား ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲအတွက် လမ်းခင်းပေးဖို့ ရည်ရွယ်ထားတဲ့ ဆွေးနွေးပွဲတွေအတွက် ဆော်ဒီအာရေးဘီးယားနိုင်ငံကို သမ္မတဗလာဒီမာပူတင်ရဲ့ ထိပ်တန်းသံတမန် နဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေးအရာရှိချုပ်တို့ကို စေလွှတ်မှာဖြစ်ကြောင်း တနင်္လာနေ့က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာ ဆော်ဒီအာရေးဘီးယားကို သွားရောက်မှာဖြစ်ပေမဲ့ ၎င်းရဲ့ခရီးစဉ်ဟာ အမေရိကန်-ရုရှား ဆွေးနွေးပွဲတွေနဲ့ ဘာမှမဆိုင်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
အမေရိကန်ရဲ့ ထောက်ပံ့မှုတွေအတွက် အပြန်အလှန်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းနိုင်ငံက သတ္တုတွေ တူးဖော်မယ့်ပြု မယ့် အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အမေရိကန်ဘက်က လုံခြုံရေးအာမခံချက်ပိုမိုပေးဖို့အတွက်လည်း ယူက ရိန်းခေါင်းဆောင်က တောင်းဆိုထားပါတယ်။
“အဲဒီသဘာဝရင်းမြစ်တွေကနေ အဖြေတစ်ခုခုထွက်လာဖို့အတွက် မေးခွန်းက သဘာဝရင်းမြစ်တွေ ယူမယ့်အကြောင်း သက်သက်ချည်း မဟုတ်ပါဘူး။ ဘာတွေ ရင်းနှီးမြှုပ်နှံမှာလဲဆိုတဲ့ မေးခွန်းပါ။” လို့ ၎င်းက ပြောပါတယ်။
ထရမ့်ခန့်ထားတဲ့ ယူကရိန်းဆိုင်ရာ အထူးသံတမန် ကိကဲလ်လော့ဂ်ကိုလည်း သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ခရီးစဉ်မှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို တွေ့ဆုံနိုင်ဖို့ ရှေ့တန်းစစ်မြေပြင်ကို ခေါ်သွားမှာဖြစ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
Ref: Zelensky dismisses planned US-Russia talks, insists Kyiv be involved
#PeopleMedia