ယူကရိန်းမှာတိုက်ပွဲဝင်နေတဲ့ ရုရှားတင့်ကားတွေမှာ ဆန်နီယာတန်ပြန်ဒရုန်းတိုက်ဖျက်ရေးစနစ်တပ်ဆင်
PUBLISHED - February 2, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂
ရုရှားနိုင်ငံက ယူကရိန်းမှာတိုက်ပွဲဝင်နေတဲ့ တင့်ကားတွေမှာ ဆန်နီယာခေါ် တန်ပြန်ဒရုန်းတိုက်ဖျက်ရေးစနစ် တစ်ခုကို တပ်ဆင်သွားတော့မှာဖြစ်ကြောင်း The Defense Post မှာ ရေးသားထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ယူကရိန်းအရှေ့ပိုင်းက ပရစ်ဗာမစ်စကီရွာအနီး မှာ အဲဒီ တန်ပြန်ဒရုန်းတိုက်ဖျက်ရေးစနစ်တပ်ဆင်ထားတဲ့ T-80BVM တင့်ကားတစ်စီးပုံကို တွေ့မြင်ရပါတယ်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက် စမ်းသပ်မှုတွေပြုလုပ်ပြီးတဲ့အချိန်လောက်မှာ အဲဒီကာကွယ်ရေးစနစ်ကို အများအပြားထုတ်လုပ်သွားလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း မော်စကိုအခြေစိုက် developer 3mx ကို ကိုး ကားပြီး Janes မီဒီယာက ရေးသားထားပါတယ်။
ဆန်နီယာခေါ် အီလက်ထရောနစ်စစ်ဆင်ရေးစနစ်ဟာ ၁.၅ ကီလိုမီတာ (ဝ.၉၃ မိုင်) အကွာအဝေးက ဒရုန်း တစ်စင်းကို ခြေရာခံထောက်လှမ်းနိုင်ပြီး ၁ ကီလိုမီတာ (ဝ.၆၂ မိုင်) အကွာအဝေးကနေ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
ဆန်နီယာ အီလက်ထရောနစ်စစ်ဆင်ရေးစနစ်ဟာ passive detector (ရေဒီလှိုင်းထုတ်လွှင့်မှုကို ခြေရာခံတဲ့ စနစ်) တစ်ခု၊ ထောင်လိုက် အင်တာနာနှစ်ချောင်းနဲ့ အင်တာနာ ၈ ချောင်းပါတဲ့ ရေဒီယိုလှိုင်းအနှောင့်အယှက် ထိန်းချုပ်မှုကိရိယာတစ်ခုပါရှိပါတယ်။ မြေပြင်အခြေစိုက်စခန်းတွေမှာ တပ်ဆင်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ ဒီဆန်နီယာ တန်ပြန်ဒရုန်းတိုက်ဖျက် ရေးစနစ်ကို တခြားယာဉ်တွေပေါ်မှာလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။
ရုရှားတင့်ကားတွေမှာ တန်ပြန်ဒရုန်းတိုက်ဖျက်ရေးစနစ်ဖြစ်တဲ့ ဗိုလ်နိုရက်ဇ် (Volnorez) စနစ်တစ်ခုကို တပ်ဆင် ထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့လအနည်းငယ်က စတင်အသုံးပြုခဲ့တဲ့ ဗိုလ်နိုရက်ဇ်စနစ်ကို သံသယရှိတဲ့အတွက် ဆန်နီယာ တန်ပြန်ဒရုန်းတိုက်ဖျက်ရေးစနစ်ကို အသုံးပြုဖို့ စီစဉ်နေတာလို့ Defense Express မီဒီယာကရေးပါတယ်။
“စစ်မြေပြင်မှာ ဗိုလ်နိုရက်ဇ်စနစ်ဟာ ထိရောက်မှုအားနည်းချက်ရှိတယ်ဆိုတာကို သွယ်ဝိုက်ပြီး သိရတာတွေရှိ နေပါတယ်။ ရေဒီယိုလှိုင်းနှုန်းထုတ်လွှင့်မှုတွေနဲ့ နယ်မြေလွှမ်းမိုးထိန်းချုပ်နိုင်တဲ့ထောင့်တွေမှာ အားနည်းချက် တွေရှိတာကိုလည်း တွေ့ရပါတယ်။” လို့ Defense Express မီဒီယာက ပြောပါတယ်။
Ref: Russia Outfits Tanks in Ukraine with New Counter-Drone Systems
#PeopleMedia