• Follow Us on
Latest News

Home ယူကရိန်းမှာရှိတဲ့ Leopard တင့်ကား အားလုံး ဆုံးရှုံးလုနီးပါးဖြစ်နေ

ယူကရိန်းမှာရှိတဲ့ Leopard တင့်ကား အားလုံး ဆုံးရှုံးလုနီးပါးဖြစ်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅

 

ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ယူကရိန်းနိုင်ငံကို ဂျာမနီနိုင်ငံက ထောက်ပံ့ထားတဲ့ Leopard 2 ပင်မတိုက်ပွဲဝင် တင့်ကားတွေ အားလုံး ဆုံးရှုံးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း The Defense Post က ရေးသားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံမှာ Leopard 2 တင့်ကား မဆိုစလောက်အရေအတွက်သာကျန်ရှိပြီး အဲဒီအထဲက တချို့တင့် ကားတွေဟာလည်း သုံးလို့မရတော့ကြောင်း စီးပွားရေးပညာရှင်နဲ့ ဂျာမန် Green Party ဝင်တစ်ဦးဖြစ်သူ ဆဘက်ရှင်ရှေးဖားက ဂျာမန်သတင်းဌာန Der Spiegel ကို အင်္ဂါနေ့ (ဇန်နဝါရီ ၂ ရက်နေ့) က ပြောပါတယ်။

 

၎င်းအနေနဲ့ လစ်သူယေးနီးယားနိုင်ငံမှာရှိတဲ့ စက်ပြင်အလုပ်ရုံတစ်ခုကို သွားရောက်ခဲ့ရာ ပျက်စီးသွားတဲ့ ယူက ရိန်းတင့်ကားတွေကို ပြန်လည်ပြင်ဆင်ဖို့ လုံလောက်တဲ့အပိုပစ္စည်းတွေမရှိတာကို တွေ့ခဲ့ရကြောင်း ၎င်းက ပြော ပါတယ်။

 

ကျွမ်းကျင်မှုမရှိတဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေက အဲဒီပျက်စီးနေတဲ့တင့်ကားတွေကို ကြိုးစားပြီး ပြန်လည်ပြင်ဆင် နေတဲ့အတွက် တင့်ကားတွေအခြေအနေပိုမိုဆိုးရွားလာကြောင်း၊ အဲဒီအခြေအနေကို အမြန်ဆုံးပြုပြင်ပြောင်းလဲ ဖို့ လိုအပ်ကြောင်း ဆဘက်ရှင်ရှေးဖားက ပြောပါတယ်။

 

ပြုပြင်ရေးဌာနတွေမှာရောက်နေတဲ့ Leopard တင့်ကားတွေအားလုံး စစ်မြေပြင်မှာ ထပ်မံတာဝန်ထမ်းဆောင်နိုင် အောင်လို့ လက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းတွင်ကျယ်အောင် အပိုပစ္စည်းတွေကို လုံလောက် အောင်တင်ပို့ပေးဖို့ ၎င်းက တိုက်တွန်းလိုက်ပါတယ်။

 

ဂျာမနီနိုင်ငံအနေနဲ့လည်း ယူကရိန်းစက်ပြင်တပ်ဖွဲ့ဝင်တွေကို ပိုမိုလေ့ကျင့်သင်ကြားပေးသင့်ကြောင်း ဆဘက် ရှင်ရှေးဖားက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံကို Leopard တင့်ကားတွေပို့ပေးဖို့ ဂျာမန်လွှတ်တော်အမတ်တွေဟာ လပေါင်းများစွာကြာအောင် အထူးဂရုပြုစဉ်းစားချင့်ချိန်ပြီးမှ ဆုံးဖြတ်ခဲ့တာဖြစ်လို့ ဂျာမနီနိုင်ငံက လွယ်လွယ်နဲ့ ဆုံးဖြတ်ခဲ့တာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

 

၂၀၂၃ ခုနှစ် အစောပိုင်းမှာတော့ ယူကရိန်းနိုင်ငံကို Leopard 1 တင့်ကား ၈၈ စီးနဲ့ အဆင့်မြင့် Leopard 2 တင့်ကား အစီး ၈၀ တင်ပို့ပေးဖို့ ဂျာမန်အစိုးရက သဘောတူညီခဲ့ပါတယ်။

 

၂၀၂၃ ခုနှစ် မတ်လမှာတော့ ဂျာမန်တပ်မတော်လက်နက်တိုက်ထဲကပ Leopard 2 တင့်ကား ၁၈ စီးကို ယူက ရိန်းနိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။

 

ဂျာမနီကထောက်ပံ့လိုက်တဲ့တင့်ကားတွေဟာ ရုရှားနဲ့ ရင်ဆိုင်နေရတဲ့ စစ်ပွဲမှာ အနီးကပ်ပစ်ကူပေးနိုင်ခဲ့သလို ယူကရိန်းတပ်ဖွဲ့ဝင်တွေကိုလည်း ကာကွယ်ပေးနိုင်ခဲ့ပြီး ယူကရိန်းနိုင်ငံရဲ့ တန်ပြန်ထိုးစစ်မှာ အဓိကအခန်းကဏ္ဍ ကပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ပွဲတစ်ခုမှာ မျှော်လင့်ထားတဲ့အတိုင်းပဲ ၂၀၂၃ ခုနှစ် ဇွန်လထဲမှာ ရုရှားအစိုးရက အရေအတွက်ဖော်ပြမထား တဲ့ ဂျာမန်ထုတ်တင့်ကားတွေကို သိမ်းဆည်းမိကြောင်း ကြေညာလိုက်တဲ့အချိန်မှာ Leopard တင့်ကားတွေ ရဲ့ ဆုံးရှုံးမှုသတင်းကိုလည်း ကြားသိလာရပါတယ်။

 

ဒါ့အပြင် ရုရှားရန်ကိုကာကွယ်ဖို့အတွက် ယူကရိန်းနိုင်ငံဟာ အမေရိကန်ထုတ် Abrams ပင်မတိုက်ပွဲဝင်တင့် ကားတွေကိုလည်း လိုချင်နေပါတယ်။

 

အမေရိကန်မရိန်းတပ်ရဲ့လက်နက်တိုက်ထဲမှာ M1A1 Abrams ပင်မတိုက်ပွဲဝင်တင့်ကားတွေ ရာနဲ့ချီသိုလှောင် ထားတာရှိပြီး အဲဒီတင့်ကားတွေကို ယူကရိန်းကို ချက်ချင်းပို့နိုင်တယ်လို့ ဆိုပါတယ်။

 

အမေရိကန်ကသာ Abrams တင့်ကားတွေထောက်ပံ့လိုက်မယ်ဆိုရင် ယူကရိန်းမှာရှိတဲ့ Abrams တင့်ကား တွေနဲ့ တခြားတင့်ကားအားလုံး စုပေါင်းပြီး ဆောင်းတွင်းတစ်လျှောက်လုံး ရုရှားတိုက်ခိုက်မှုကို ပြန်လည်တိုက် ခိုက်နိုင်မယ့်အပြင် လာမယ့်နွေဦးထိုးစစ်အတွက်လည်း များစွာအထောက်အကူပြုနိုင်မှာဖြစ်တယ်လု့ိ ဆိုပါတယ်။

 

Ref: Ukraine on Verge of Losing All German Leopard Tanks: Lawmaker

 

#PeopleMedia


Share this post