ယူကရိန်းမှာ သိမ်းမိတဲ့ မြောက်ကိုရီးယားဒုံးကျည်မှာ အနောက်နိုင်ငံထုတ် စက်ပစ္စည်းအစိတ်အပိုင်းတွေ အများ အပြားပါဝင်နေ
PUBLISHED - February 21, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁
ယူကရိန်းစစ်မြေပြင်မှာ သိမ်းဆည်းရမိတဲ့ မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်တစ်စင်းရဲ့ အပျက်အစီးတွေထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ အခြေစိုက်ကုမ္ပဏီတွေရဲ့ အမှတ်တံဆိပ်တွေပါဝင်တဲ့ စက်ပစ္စည်းအစိတ်အ ပိုင်းတွေကို တွေ့ရှိရကြောင်း စစ်လက်နက်ပစ္စည်းခြေရာခံထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုက အင်္ဂါနေ့ (ဖေ ဖော်ဝါရီ ၂၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
စီးပွားရေးအရေးအယူပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန် ချမှတ်ထားပေမဲ့ မြောက်ကိုရီးယားနိုင်ငံဟာ အနောက် နိုင်ငံတွေကထုတ်လုပ်တဲ့စက်ပစ္စည်းအစိတ်အပိုင်းတွေကို ရရှိနေကြောင်း၊ အဲဒီလိုအနောက်နိုင်ငံထုတ် စက် ပစ္စည်းတွေကိုအသုံးပြုထုတ်လုပ်ထားတဲ့ လက်နက်တွေကိုလည်း ရုရှားအစိုးရက ယူကရိန်းစစ်ပွဲမှာ အသုံးပြုနေ ကြောင်း စစ်ပွဲလက်နက်တပ်ဆင်မှုသုတေသနအဖွဲ့ (CAR) ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံကထုတ်လုပ်ထားပြီး ယူကရိန်းနိုင်ငံထဲမှာ သိမ်းဆည်းမိတဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းမှာ ပြည်တွင်းထုတ်မဟုတ်တဲ့ စက်ပစ္စည်းအစိတ်အပိုင်း ၂၉၀ ကျော် ပါဝင်နေတာကို CAR အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး မှူးတွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
တွေ့ရှိခဲ့တဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေရဲ့ ၇၅% ဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ထားတဲ့ ကုမ္ပဏီ တွေက ထုတ်လုပ်ထားတာဖြစ်ပြီး ၁၆% ကတော့ ဥရောပအခြေစိုက်ကုမ္ပဏီတွေက ထုတ်လုပ်ထားတာဖြစ် တယ်လို့ ဆိုပါတယ်။
“စက်ပစ္စည်းတွေရဲ့ တစ်ဝက်မှာ ထုတ်လုငပ်ထားတဲ့ရက်စွဲကို ရိုက်နှိပ်ဖော်ပြထားပြီး အဲဒီအထဲက ၇၅% ဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ် ကြားကာလမှာ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီထုတ်လုပ်မှု ရက်စွဲတွေကို အခြေခံပြီး CAR အဖွဲ့က သုံးသပ်ထားတာကတော့ ခါကိဗ်မြို့မှာသိမ်းဆည်းရရှိခဲ့တဲ့ အဲဒီဒုံးကျည် ဟာ ၂၀၂၃ ခုနှစ် မတ်လ မတိုင်ခင်က ထုတ်လုပ်တပ်ဆင်ထားတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။” လို့ CAR ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ဒုံးပစ် လောက်ချာတွေ ထောက်ပံ့ခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူုတော်က အခုနှစ် ဇန်နဝါရီလ အစောပိုင်းက ပြောပါတယ်။ CAR အဖွဲ့ဝင်တွေ ဆန်းစစ်လေ့လာခဲ့တဲ့ အဲဒီဒုံးကျည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ယူကရိန်းနိုင်ငံ ခါကိဗ်မြို့မှာ သိမ်းဆည်းရရှိခဲ့တာဖြစ်ကြောင်း CAR အဖွဲ့က ပြောပါတယ်။
Ref: US, European Parts Found in N.Korean Missile in Ukraine: Report
#PeopleMedia