• Follow Us on

Home ယူကရိန်းမှာ အမြောက်ကျည်တွေထုတ်လုပ်နိုင်ဖို့ Nammo ကုမ္ပဏီက ယူကရိန်းကုမ္ပဏီကို နည်းပညာလွှဲ ပြောင်းပေးမယ့်ကိစ္စ နော်ဝေအစိုးရ ခွင့်ပြု

ယူကရိန်းမှာ အမြောက်ကျည်တွေထုတ်လုပ်နိုင်ဖို့ Nammo ကုမ္ပဏီက ယူကရိန်းကုမ္ပဏီကို နည်းပညာလွှဲ ပြောင်းပေးမယ့်ကိစ္စ နော်ဝေအစိုးရ ခွင့်ပြု

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၇

 

ယူကရိန်းနိုင်ငံထဲမှာ ၁၅၅ မမ အမြောက်ကျည်တွေ ထုတ်လုပ်နိုင်ဖို့အတွက် နော်ဝေနိုင်ငံံက Nammo စစ် လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက ယူကရိန်းကုမ္ပဏီတစ်ခုကို နည်းပညာလွှဲပြောင်းပေးမှာကို နော်ဝေ အစိုးရက ခွင့်ပြုလိုက်ပါတယ်။

 

နော်ဝေကုမ္ပဏီက ယူကရိန်းကုမ္ပဏီကို နည်းပညာလွှဲပြောင်းပေးတာကို နော်ဝေအစိုးရက အခုနှစ် အစောပိုင်း က ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

 

ယူကရိန်းတပ်မတော်အတွက် ခဲယမ်းထုတ်လုပ်မှုအရှိန်မြှင့်တင်ဆောင်ရွက်နိုင်အောင်နဲ့ ယူကရိန်းအတွက် နော် ဝေလက်နက်တိုက်ထဲက ထောက်ပံ့ခဲ့တဲ့ခဲယမ်းတွေ အစားပြန်လည်ဖြည့်တင်းဖို့အတွက် ရည်ရွယ်ပြီး အခု လို ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ရုရှားထိုးစစ်ကို ကောင်းကောင်း တောင့်ခံထားနိုင်ဖို့ ယူကရိန်းနိုင်ငံအတွက် အမြောက်ကျည်တွေ အများအပြား လိုအပ်ပါတယ်။” လို့ နော်ဝေဝန်ကြီးချုပ် ယူနော့ဗ်စ်ဂါးတိုရို (Jonas Gahr Store) က ပြောပါတယ်။

 

“ဒီအစိုးရဟာ နော်ဝေနိုင်ငံထဲမှာ အမြောက်ကျည်တွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အရေးယူဆောင်ရွက်မှုတချို့ပြု လုပ်ခဲ့ပါတယ်။ တပြိုင်တည်းမှာပဲ ယူကရိန်းနိုင်ငံထဲမှာ ခေတ်မီအမြောက်ကျည်တွေ ထုတ်လုပ်ဖို့အတွက် ယူ ကရိန်းနိုင်ငံရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

နော်ဝေအစိုးရဟာ နော်ဝေငွေကြေး ခရိုနာငွေ ၇၅ ဘီလျံ (ဒေါ်လာ ၇.၁၇ ဘီလျံ) ဘတ်ဂျက်ရှိတဲ့ “ယူကရိန်း အတွက်နန်းဆန်းထောက်ပံ့ရေးစီမံကိန်း” က တစ်ဆင့် ယူကရိန်းနိုင်ငံကို ဘဏ္ဍာရေးအရထောက်ပံ့ရာမှာလည်း ပူးကေပါင်းဆောင်ရွက်လျက်ရှိပါတယ်။

 

နော်ဝေနိုင်ငံ အရပ်ဘက်/စစ်ဘက် ထောက်ပံ့ရေးအစီအစဉ်အရ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ ထောက် ပံ့ဖို့ အစီအစဉ်ဆွဲထားရာ ပြီးခဲ့တဲ့နှစ်က စစ်ရေးထောက်ပံ့မှု ဒေါ်လာ ၁.၀၅ ဘီလျံအပါဝင် ဒေါ်လာ ၁.၉၀ ဘီလျံ အထိ ထောက်ပံ့ခဲ့ပါတယ်။

 

“စစ်လက်နက်ပစ္စည်းထုတ်လုပ်ဖို့အတွက် ယူကရိန်းနိုင်ငံရဲ့စွမ်းရည်မြှင့်တင်ရေးအတွက် အထောက်အကူပြု သွားမယ့် နည်းပညာနဲ့ ကျွမ်းကျင်မှုတွေကို မျှဝေခွသင့်ရတဲ့အတွက် Nammo ကုမ္ပဏီအနေနဲ့ ဂုဏ်ယူပါတယ်။ ဒီလုပ်ငန်းစဉ်အောင်မြင်ဖို့အတွက် နော်ဝေအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကလည်း အရေးကြီးပါ တယ်။” လို့ Nammo ကုမ္ပဏီ CEO မော်တန်ဘရန့်တက်ဇ်က ပြောပါတယ်။

 

Ref: Norway Approves Nammo License Transfer to Produce Artillery Ammo in Ukraine

 

#PeopleMedia


Share this post