• Follow Us on
Latest News

Home ယူကရိန်းလက်နက်တွေကို ၎င်းတို့ပြည်တွင်းမှာပဲထုတ်လုပ်ဖို့ အာဖရိကနိုင်ငံတွေ စိတ်ဝင်စားနေ

ယူကရိန်းလက်နက်တွေကို ၎င်းတို့ပြည်တွင်းမှာပဲထုတ်လုပ်ဖို့ အာဖရိကနိုင်ငံတွေ စိတ်ဝင်စားနေ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂

 

အာဖရိကနိုင်ငံတွေဟာ ယူကရိန်းနိုင်ငံက လက်နက်တွေကို ဝယ်ယူဖို့တင်စိတ်ဝင်စားနေတာမဟုတ်ဘဲ အဲဒီ လက်နက်တွေကို ၎င်းတို့ပြည်တွင်းမှာပြန်လည်ထုတ်လုပ်ဖို့ စိတ်ဝင်စားနေကြကြောင်း ကိယက်ဗ်မြို့မှာကျင်းပ တဲ့ ပထမအကြိမ်နိုင်ငံတကာစစ်လက်နက်ဖိုရမ်မှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက ပြော ကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံက ၎င်းတို့ရဲ့ပြည်တွင်းလက်နက်ထုတ်လုပ်မှုကို မြှင့်တင်ဖို့အတွက် စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကျင်းပခဲ့တဲ့ အဲဒီဖိုရမ်ကို နိုင်ငံပေါင်း ၃၀ ကျော်က အရာရှိတွေနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ ၂၅၀ တက် ရောက်ခဲ့ပါတယ်။

 

“ယူကရိန်းစစ်ပွဲမဖြစ်ခင်က အာဖရိကတိုက်ဟာ ယူကရိန်းထုတ် စစ်လက်နက်ပစ္စည်းတွေအတွက် အကြီးမားဆုံး ဈေးကွက်တွေထဲက တစ်ခုဖြစ်ပါတယ်။” လို့ သောကြာနေ့ (စက်တင်ဘာလ ၂၉ ရက်နေ့) က ကျင်းပခဲ့တဲ့ တံခါး ပိတ်ဆွေးနွေးပွဲမှာ ကူလီဘာက ပြောပါတယ်။

 

လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံအနေနဲ့ အာဖရိကတိုက်ကို လက်နက်တွေ ရောင်းချနိုင်ခြင်းမရှိပေမဲ့ အာဖရိက နိုင်ငံတွေက ယူကရိန်းထုတ် လက်နက်/ခဲယမ်းတွေကို ၎င်းတို့နိုင်ငံထဲမှာပဲ ထုတ်လုပ်ဖို့ စိတ်ဝင်စားနေကြောင်း ကူလီဘာက ပြောပါတယ်။

 

“အခုလိုဆန္ဒဖြစ်ပေါ်လာတာဟာ ယူကရိန်းထုတ် လက်နက်တွေဟာ အလွန်အရည်အသွေးကောင်းမွန်တယ်ဆို တာကို အာဖရိကကကျွန်တော်တို့မိတ်ဖက်နိုင်ငံတွေက သဘောပေါက်ထားလို့ဖြစ်ပါတယ်။ သူတို့တွေဟာ ကျွန် တော်တို့ကို မိတ်ဖက်နိုင်ငံတွေလို သဘောထားတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ရုရှားကျူးကျော်စစ်စတင်ကတည်းက ယူကရိန်းအစိုးရဟာ အနောက်တိုင်းအကူအညီတွေအပေါ် အများအပြား မှီခိုအားထားခဲ့ရပေမဲ့ အဲဒီအနောက်တိုင်းအကူအညီတွေ တဖြည်းဖြည်းလျော့နည်းလာမှာကို စိုး ရိမ်တွက်ဆပြီး ပြည်တွင်းမှာ စစ်လက်နက်ပစ္စည်းပိုမိုထုတ်လုပ်နိုင်ဖို့ နည်းလမ်းတွေ တိုးမြှင့်ရှာဖွေလျက်ရှိပါ တယ်။

 

ယူကရိန်းနိုင်ငံဟာ ရုရှားတွေသိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့လည်း ယူကရိန်းတပ်တွေဟာ ပြင်းထန်ကြီးမားတဲ့ရုရှားခုခံစစ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

 

Ref: Africa Interested in Making Ukrainian Weapons: Kyiv

 

#PeopleMedia


Share this post