• Follow Us on

Home ယူကရိန်းလေသူရဲတွေကိုလေ့ကျင့်ပေးဖို့အတွက် နယ်သာလန်နိုင်ငံက F-16 ဂျက်တိုက်လေယာဉ် ပထမ အသုတ် ရိုမေးနီးယားကို ပေးပို့

ယူကရိန်းလေသူရဲတွေကိုလေ့ကျင့်ပေးဖို့အတွက် နယ်သာလန်နိုင်ငံက F-16 ဂျက်တိုက်လေယာဉ် ပထမ အသုတ် ရိုမေးနီးယားကို ပေးပို့

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၈

 

နယ်သာလန်နိုင်ငံဟာ နိုဝင်ဘာလ ၇ ရက်နေ့ (အင်္ဂါနေ့) က ပထမဦးဆုံးအသုတ်အဖြစ် ရိုမေးနီးယားနိုင်ငံက လေတပ်အခြေစိုက်စခန်းတစ်ခုကို F-16 ဂျက်တိုက်လေယာဉ် ၅ စင်း ပေးပို့လိုက်ပါတယ်။

 

အဲဒီ F-16 ဂျက်တိုက်လေယာဉ်တွေဟာ ယူကရိန်းလေသူရဲတွေနဲ့ ရိုမေးနီးယားလေသူရဲတွေကို လေ့ကျင့်သင် ကြားပေးရာမှာ အသုံးပြုဖို့အတွက်ဖြစ်ကြောင်း ဒတ်ချ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ရုရှားကျူးကျော်စစ်ကို ရင်ဆိုင်တိုက်ခိုက်ရာမှာ ယူကရိန်းရဲ့ဆိုဗီယက်ခေတ် လေတပ်ကို အဆင့်မြှင့်တင်ဖို့အ တွက် အမေရိကန်ထုတ် ဒတ်ချ် (နယ်သာလန်) မှာရှိတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို ယူကရိန်းနိုင်ငံကို ပေးဖို့ အမေရိကန်ပြည်ထောင်စုက သြဂုတ်လက သဘောတူခွင့်ပြုလိုက်ပါတယ်။

 

ဒါပေမဲ့ အဲဒီလေယာဉ်တွေဟာ “နေတိုးနိုင်ငံတွေရဲ့ လေကြောင်းပိုင်နက်အတွင်းမှာပဲ မောင်းနှင်ပျံသန်းမှာဖြစ် ကြောင်း” နယ်သာလန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“ရိုမေးနီးယားသင်တန်းကျောင်းဟာ ငှားရမ်းထားတဲ့နည်းပြတွေကို မွှမ်းမံသင်တန်း ထပ်မံပေးအပ်ဖို့အတွက် အဲဒီလေယာဉ်တွေကို ပထမဦးဆုံးအကြိမ်အဖြစ် အသုံးပြုသွားမှာပါ။ အဲဒါပြီးရင် လေသူရဲလေ့ကျင့်သင်ကြားမှု တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

အဲဒီ F-16 ဂျက်တိုက်လေယာဉ်တွေကို သင်တန်းတွေထောက်ပံ့ပေးထားတဲ့ အမေရိကန်အခြေစိုက် လော့ဟိ မာတင်ကုမ္ပဏီကပဲ ပြုပြင်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

 

ယူကရိန်းနဲ့ ရိုမေးနီးယား လေသူရဲတွေကို လေ့ကျင့်သင်ကြားဖို့အတွက် နယ်သာလန်နိုင်ငံအနေနဲ့ စုစုပေါင်း F-16 ဂျက်တိုက်လေယာဉ် ၁၂ စင်းကနေ ၁၈ စင်းအထိ အသုံးပြုသွားမှာဖြစ်ပါတယ်။

 

တပြိုင်တည်းမှာပဲ ရှေ့တန်းစစ်မြေပြင်မှာ ခက်ခဲလှတဲ့ခံစစ်စည်းတစ်ခုကို ထိုးဖောက်နိုင်ဖို့အတွက် တာဝေးပစ်ဒုံး ကျည်တွေနဲ့ ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေကို နိုဝင်ဘာလ ၇ ရက်နေ့က မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

 

Ref: First F-16s Sent to Romania to Train Ukrainian Pilots: Dutch

 

#PeopleMedia


Share this post