• Follow Us on
Latest News

Home ယူကရိန်းလေသူရဲတွေလေ့ကျင့်သင်ကြားနိုင်ဖို့အတွက် နော်ဝေနိုင်ငံက ဒိန်းမတ်ကို F-16 နှစ်စင်းပို့မည်

ယူကရိန်းလေသူရဲတွေလေ့ကျင့်သင်ကြားနိုင်ဖို့အတွက် နော်ဝေနိုင်ငံက ဒိန်းမတ်ကို F-16 နှစ်စင်းပို့မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅

 

ယူကရိန်းလေသူရဲတွေကို လေ့ကျင့်သင်ကြားရာမှာ အထောက်အကူပြုနိုင်ဖို့အတွက် နော်ဝေနိုင်ငံက F-16 ဂျက်တိုက်လေယာဉ် ၂ စင်းကို ဒိန်းမတ်နိုင်ငံကို ပေးပို့သွားမှာဖြစ်ကြောင်း နော်ဝေအစိုးရက ဗုဒ္ဓဟူးနေ့ (ဇန်နဝါ ရီလ ၃ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

နော်ဝေနိုင်ငံက ၎င်းတို့နိုင်ငံအတွက် ပိုမိုခေတ်မီတဲ့ F-35 ဂျက်တိုက်လေယာဉ်တွေကို F-16 ဂျက်တိုက်လေ ယာဉ်တွေနေရာမှာ အစားထိုးသွားတော့မှာဖြစ်ပါတယ်။

 

နော်ဝေလေတပ်က အနားပေးတော့မယ့် F-16 ဂျက်တိုက်လေယာဉ်တွေကို ယူကရိန်းနိုင်ငံကိုထောက်ပံ့သွား မှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်က ဒိန်းမတ်၊ နယ်သာလန် နိုင်ငံတွေနဲ့အတူ နော်ဝေနိုင်ငံက ပြောကြားခဲ့ပေမဲ့ အရေ အတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

“ယူကရိန်းနိုင်ငံအတွက် ခေတ်မီလေတပ်တစ်ခုတည်ဆောက်နိုင်ရေး ရည်မှန်းချက်နဲ့အတူ မဟာမိတ်နိုင်ငံတွေ ဟာ နေ့ရာညပါ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ နော်ဝေကာကွယ်ရေးဝန်ကြီး ဘရွန်းအယ်ရိုလ်ဂရမ်က ပြောပါတယ်။

 

စကန်ဒီနေးဗီးယန်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံဟာ နည်းပြ ၁၀ ယောက်နဲ့အတူ ယူကရိန်းအရာရှိတွေကို သင်တန်းတွေပို့ချပေးနေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

 

နော်ဝေနိုင်ငံက ပေးပို့သွားမယ့် F-16 ဂျက် တိုက်လေယာဉ်တွေကို ယူကရိန်းလေသူရဲတွေကို လေ့ကျင့်သင် ကြားပေးနေတဲ့ ဒိန်းမတ်နိုင်ငံ စကရွိင်းစထရပ်လေတပ်အခြေစိုက်စခန်းမှာ တပ်ဖြန့်ချထားမှာဖြစ်ပါတယ်။

 

ရုရှားတပ်တွေဟာ ၂၀၂၄ ခုနှစ်မှာ ယူကရိန်းရဲ့ ဒေါသမုန်တိုင်းကို ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း ပြောဆိုထားခဲ့ သလို ယူကရိန်းလေသူရဲတွေဟာ F-16 ဂျက်တိုက်လေယာဉ်တွေကို ကျွမ်းကျင်စွာကိုင်တွယ်မောင်းနှင်နိုင်ပြီဖြစ် တဲ့အတွက် မကြာခင် ယူကရိန်းဝေဟင်ပိုင်နက်ထဲမှာ မြင်တွေ့ရတော့မှာဖြစ်ကြောင်း နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောကြားသွားပါတယ်။

 

Ref: Norway to Send F-16s to Denmark for Ukraine Pilot Training

 

#PeopleMedia


Share this post