ယူကရိန်းလေသူရဲ ၂၀၀ ကို ဗြိတိန် RAF အောင်မြင်စွာလေ့ကျင့်သင်ကြားပြီးဖြစ်
PUBLISHED - October 28, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၈
ဗြိတိန်တော်ဝင်လေတပ် (RAF) ဟာ ယူကရိန်းလေသူရဲနောက်ထပ်တစ်အုပ်လေ့ကျင့်သင်ကြားမှုကို အောင်မြင် စွာဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပြီး အခုအသုတ်နဲ့ဆိုရင် ၂၀၂၃ ခုနှစ်ကတည်းက RAF က သင်ကြားပို့ချခဲ့တဲ့ အခြေခံ လေယာဉ်မောင်းသင်တန်း တက်ရောက်ခဲ့သူ ယူကရိန်းလေသူရဲ ၂၀၀ ရှိသွားပြီဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ သင်ကြားပို့ချတဲ့သင်တန်းဟာ အဆင့် ၃ ဆင့်မှာ ပထမအဆင့်ဖြစ်ပြီး တစ်နာရီကို ကီလိုမီတာ ၂၂၀ (၁၃၇ မိုင်) နှုန်းနဲ့ GROB-115 အထွေထွေ အမောင်းသင်လေယာဉ်ကို နာရီပေါင်း ၈၀ ကြာအောင် မောင်း နှင်ရတာဖြစ်ပါတယ်။
လေသူရဲသင်တန်းသားတွေကို နေတိုးအဖွဲ့ဝင်လေတပ်တွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင်ဖို့ အင်္ဂလိပ်စာ သင် တန်းတွေအပြင် လေယာဉ်ထိန်းသိမ်းမောင်းနှင်ခြင်း၊ အမြင့်ပေအနိမ့် လမ်းကြောင်းရှာဖွေခြင်း၊ အဆင့်မြင့်အုပ် ဖွဲ့ပျံသန်းခြင်းနဲ့ လေယာဉ်ဒိုင်ခွက်နဲ့ အီလက်ထရောနစ်ပစ္စည်းကို အသုံးပြုပြီး လမ်းကြောင်းရှာဖွေခြင်တို့ကိုပါ လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ပို့ချတဲ့ RAF အခြေခံလေယာဉ်မောင်းသင်တန်းတက်ရောက်ပြီးရင် လေသူရဲတွေသင်တန်းသား တွေဟာ ပြင်သစ်လေတပ်က Alpha ဂျက်လေယာဉ်တွေကို အသုံးပြုသင်ကြားမယ့် အဆင့်မြင့်လေယာဉ်မောင်း သင်တန်းကို ဆက်လက်တက်ရောက်ရမှာဖြစ်ပါတယ်။
F-16 ဂျက်တိုက်လေယာဉ်မောင်းနှင်နိုင်ဖို့အတွက် အပေါ့စားဂျက်တိုက်လေယာဉ်မောင်းနှင်ခြင်းသင်ကြားမှုမှာ တစ်နာရီကို ကီလိုမီတာ ၉၀၀ (၅၅၉ မိုင်) နှုန်းနဲ့ Alpha ဂျက်လေယာဉ်ကို မောင်းနှင်လေ့ကျင့်ရမှာဖြစ်သလို သဏ္ဍန်တူလေယာဉ်ခန်းထဲမှာလည်း နာရီပေါင်း ၆၀ လေ့ကျင့်သင်ကြားရမှာဖြစ်ကြောင်း Kyiv Post မှာ ရေး သားဖော်ပြထားပါတယ်။
သင်တန်းသားတွေအတွက် နောက်ဆုံးအဆင့်သင်တန်းကတော့ ရိုမေးနီးယားနိုင်ငံ ဖက်တက်စ်တီလေတပ်စ ခန်းရှိ ဥရောပ F-16 ဂျက်တိုက်လေယာဉ်မောင်းနှင်လေ့ကျင့်ရေးစင်တာမှာ တက်ရောက်သင်ကြားရမယ့်သင် တန်းပဲဖြစ်ပါတယ်။
သင်တန်းသားတွေဟာ အဲဒီသင်တန်းကျောင်းမှာ တစ်နာရီကို ၂၁၀၀ ကီလိုမီတာ (၁၃၀၅ မိုင်) နှုန်းနဲ့ အမေရိ ကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေကို မောင်းနှင်ပျံသန်းပြီး လေ့ကျင့်ရမှာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံဟာ F-16 ဂျက်တိုက်လေယာဉ်တွေ အသုံးပြုမောင်းနှင်ခြင်းမရှိပေမဲ့ ၂၀၂၃ ခုနှစ် အမေရိကန်၊ ဒိန်း မတ်၊ နယ်သာလန်နိုင်ငံတို့ ပူးတွဲတည်ထောင်လိုက်တဲ့ လေကြောင်းစွမ်းရည်ညွန့်ပေါင်းအဖွဲ့အစီအစဉ်က တစ် ဆင့် ရုရှားနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ယူကရိန်းကာကွယ်ရေးစွမ်းရည်မြှင့်တင်ရေးအစီအစဉ်ကို အားတက်သရော ထောက်ခံခဲ့ပါတယ်။
လေ့ကျင့်သင်ကြားရေးအစီအစဉ်သာမက ယူကရိန်းနိုင်ငံဟာ မဟာမိတ်နိုင်ငံတွေထံက F-16 ဂျက်တိုက်လေ ယာဉ်တွေကိုလည်း အခုနှစ် သြဂုတ်လမှာ လက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်မှာ ပြဿနာတချို့လည်း ရှိနေပါသေးတယ်။
ယူကရိန်းကို လေယာဉ်တွေရောက်ရှိလာပြီး အချိန်တိုအတွင်းမှာပဲ ရုရှား လေကြောင်းတိုက်ခိုက်မှုကို ပြန်လည် ခုခံတိုက်ခိုက်နေစဉ်အတွင်း ယူကရိန်းလေတပ်က အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တစ်စင်း ပျက် ကျခဲ့ပြီး လေသူရဲတစ်ဦး သေဆုံးခဲ့ပါတယ်။
တပြိုင်တည်းမှာပဲ ယူကရိန်းကို အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေဟာ သက်တမ်းရင့်လေယာဉ်တွေဖြစ်ပြီး ရုရှားရဲ့ ခေတ်မီဂျက်တိုက်လေယာဉ်တွေကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူးလို့ အ မေရိကန်အငြိမ်းစားကြည်းတပ်ဗိုလ်ချုပ် ဂေါ်ဒွင်ဒေးဗစ်က ပြောကြားခဲ့ပါတယ်။
Ref: Ukrainian Pilots Complete Royal Air Force Training to Operate F-16s
#PeopleMedia