ယူကရိန်းသမ္မတ ဇလန်ဇကီက ကာကွယ်ရေးဝန်ကြီးကို ရာထူးက ဖယ်ရှား

PUBLISHED - September 4, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၄
ယူကရိန်းသမ္မတ ဇလန်ဇကီက ကာကွယ်ရေးဝန်ကြီး အိုလက်စီ ရီဇ်နီကော့ဗ်ကို ရာထူးက ဖယ်ရှားခဲ့ပြီး ရုရှားနဲ့ စစ်ပွဲ တစ်နှစ်ခွဲကြာလာချိန်မှာ ချဉ်းကပ်မှုအသစ်တွေ ပြုလုပ်ဖို့လို့အပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင် ရိုမေးနီးယားနယ်စပ်မှာရှိတဲ့ ယူကရိန်းရဲ့ ဒန်နျူ ဆိပ်ကမ်းကို ရုရှားမောင်းသူမဲ့လေယာဉ်တွေ တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာ အခုလိုကြေညာချက်ထွက် ပေါ်လာတာဖြစ်ပါတယ်။
“အိုလက်စီ ရီဇ်နီကော့ဗ်ဟာ ရက်ပေါင်း ၅၅၀ ကျော် စစ်ပွဲကို အပြည့်အ၀ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ ဝန်ကြီး ဌာနအနေနဲ့ ချဉ်းကပ်မှုအသစ်တွေပြုလုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။” လို့ ဇလန်ဇကီက ပြောပါတယ်။
လက်ရှိကာကွယ်ရေးဝန်ကြီးနေရာမှာ နိုင်ငံပိုင်ပစ္စည်းရန်ပုံငွေအဖွဲ့ အကြီးအကဲ ရတ်စတင်ကို လွတ်တော်ရဲ့ ခွင့်ပြုချက်နဲ့အစားထိုးခန့်အပ်သွားဖို့ ဇလန်ဇကီက အမည်စာရင်းတင်သွင်းခဲ့ပါတယ်။
စပါးတင်သင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်းသွားလာခွင့်ပြုထားတဲ့ အဓိကသဘောတူညီချက်ကနေ နုတ် ထွက်ခဲ့ပြီးနောက် ရုရှားဟာ ပင်လယ်နက်နဲ့ ဒန်နျူမြစ်အတွင်းက ပစ်မှတ်တွေကို တိုက်ခိုက်မှုများစွာပြုလုပ်ခဲ့ ပါတယ်။
တနင်္ဂနွေနေ့က တိုက်ခိုက်မှုအတွင်း ရုရှားမောင်းသူမဲ့ လေယာဉ်တချို့ဟာ ဒန်နျူ ဧရိယာထဲမှာရှိတဲ့အရပ်သား စက်ရုံတစ်ခုကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၇ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။
ရုရှားဘက်ကတော့ ဒန်နျူမြစ်ပေါ်မှာတည်ရှိတဲ့ ယူကရိန်းဆိပ်ကမ်း ရီနီပေါ်က လောင်စာဆီသိုလှောင်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
မော်လ်ဒိုဗာနဲ့လည်း နီးကပ်စွာတည်ရှိတဲ့ရီနီ ဆိပ်ကမ်းဟာ ပင်လယ်နဲ့ မြစ်ဆက်သွယ်ထားတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး အရေးကြီးတဲ့ သယ်ယူပို့ဆောင်ရေးအချက်အချာဖြစ်ပါတယ်။
Ref; AFP
#PeopleMedia