• Follow Us on
Latest News

Home ယူကရိန်းဟာ တစ်နေ့နေ့ ရုရှားလက်အောက်ကို ကျရောက်သွားနိုင်ကြောင်း ထရမ့်ပြော

ယူကရိန်းဟာ တစ်နေ့နေ့ ရုရှားလက်အောက်ကို ကျရောက်သွားနိုင်ကြောင်း ထရမ့်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၁

 

ယူကရိန်းနိုင်ငံဟာ တစ်နေ့နေ့မှာ အချုပ်အခြာအာဏာဆုံးရှုံးပြီး ရုရှားလက်အောက်ကို ကျရောက်သွားဖွယ်ရှိကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ Fox News သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းစစ်ပွဲ ဘယ်လိုပုံစံနဲ့ အဆုံးသတ်သွားသည်ဖြစ်စေ အမေရိကန်က ကူညီထောက်ပံ့ခဲ့တာတွေအတွက် လျော် ကြေးပြန်လိုချင်ကြောင်းလည်း ထရမ့်က ပြောပါတယ်။

 

“သူတို့ (ယူကရိန်းတွေ) သဘောတူစာချုပ် ချုပ်ချင်ချုပ်မယ်။ ချုပ်ချင်မှလည်း ချုပ်မယ်။ တစ်နေ့နေ့မှာ ရုရှားလက် အောက်ကို ရောက်ချင်လည်း ရောက်သွားနိုင်တယ်။ ရောက်ချင်မှလည်း ရောက်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ယူကရိန်းကို ငွေတွေပုံပေးထားရတယ်။ အဲဒီငွေတွေကို ကျွန်တော် ပြန်လိုချင်ပါတယ်။” လို့ ထရမ့်က Fox News က ဘရက်ဘိုင်ယာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။

 

ဒေါ်နယ်ထရမ့်ဟာ ၂၀၂၂ ခုနှစ်မှာ သူသာအာဏာရခဲ့ရင် ယူကရိန်းစစ်ပွဲ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူူးလို့ပြောခဲ့သ လို အခုလည်း သုံးနှစ်ပြည့်ခါနီးပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိအောင် ကြားဝင်စေ့စပ်ပေးမှာဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။

 

ယူကရိန်းကို အမေရိကန်ကထောက်ပံ့ခဲ့တဲ့အတွက် အပြန်အလှန်အားဖြင့် မြေရှားသတ္တု ပြန်ပေးဖို့တောင်းဆိုခဲ့ရာမှာ မြေ ရှားသတ္တု ဒေါ်လာဘီလျံ ၅၀၀ တူးဖော်ခွင့်ပေးဖို့ အခြေခံအားဖြင့် သဘောတူညီခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

 

“ဒေါ်လာ ဘီလျံ ၅၀၀ နဲ့ညီမျှတဲ့ မြေရှားသတ္တုတွေ လိုချင်ကြောင်း ကျွန်တော် သူတို့ကိုပြောခဲ့ပါတယ်။ သူတို့က ဆောင် ရွက်ပေးမယ်လို့ အခြေခံအားဖြင့် သဘောတူခဲ့တယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ၎င်းတို့နိုင်ငံရဲ့လုံခြုံရေးအတွက် အပြန်အလှန်အာမခံမယ့် အမေရိကန်နဲ့ တခြားမိတ်ဖက်နိုင်ငံတွေကို လည်း သဘာဝအရင်းအမြစ်တွေ တူးဖော်ခွင့်ပြုဖို့ လမ်းဖွင့်ထားကြောင်း ပြောဆိုခဲ့ပြီးဖြစ်ပေမဲ့ အသေးစိတ်ကိုတော့ ရှင်း ရှင်းလင်းလင်း မသိရပါဘူး။

 

အမေရိကန်နိုင်ငံဟာ ယူကရိန်းကို တခြားဥရောပနိုင်ငံတွေထက် ပိုမိုထောက်ပံ့ခဲ့ရာ အမေရိကန်ထောက်ပံ့ငွေ ဒေါ်လာ ဘီလျံ ၃၀၀ ကျော်အထိ ရှိကြောင်း ထရမ့်က အင်တာဗျူးမှာ ပြောပါတယ်။

 

Ref: ‘Ukraine may be Russian someday,’ Trump suggests while announcing $500 billion rare earth ‘agreement’

 

#PeopleMedia


Share this post