• Follow Us on

Home ယူကရိန်းအတွက်ပို့မယ့် F-16 တွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ အခြေစိုက်ထားမယ်ဆိုရင် အနောက်နိုင်ငံ တွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်သွားမှာဖြစ်ကြောင်း ရုရှားခြိမ်းခြောက်

ယူကရိန်းအတွက်ပို့မယ့် F-16 တွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ အခြေစိုက်ထားမယ်ဆိုရင် အနောက်နိုင်ငံ တွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်သွားမှာဖြစ်ကြောင်း ရုရှားခြိမ်းခြောက်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၉

 

ယူကရိန်းနိုင်ငံအတွက် အသစ်လှူဒါန်းလိုက်တဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်မြေထဲမှာအခြေစိုက်ထားမယ်ဆိုရင် အနောက်နိုင်ငံတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်သွားမှာ ဖြစ် ကြောင်း ရုရှားနိုင်ငံက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

 

ရုရှားသမ္မတဗလာဒီမာပူတင်ကသာ အဲဒီလိုတိုက်ခိုက်ခဲ့မယ်ဆိုရင် အနောက်အုပ်စုနဲ့ ရုရှားကြား ထိပ်တိုက်တွေ့ ဆုံပြီး တတိယကမ္ဘာစစ်ဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။

 

၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အရေးအခင်းပြီးကတည်းက နျူကလီးယားကမ္ဘာစစ်တစ်ခုဖြစ်ပွားဖို့ နီးကပ်လာပြီ လို့ ရုရှားအစိုးရက သတိပေးနေစဉ်အတွင်းမှာပဲ အခုလိုပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ယူကရိန်းအတွက်ပို့ပေးမယ့် F-16 ဂျက်တိုက်လေယာဉ်တွေကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ အခြေစိုက်ထားမယ် ဆိုရင် ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်ပို့ပေးတာဟာ ရုရှားနိုင်ငံအတွက် တရားမျှတတဲ့ပစ်မှတ်တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက အနောက်အုပ်စုကို သတိပေးလိုက်ပါတယ်။

 

စတုတ္ထမြောက်မျိုးဆက်ဂျက်တိုက်လေယာဉ်တွေကို ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ရိုမေးနီးယားတို့မှာ အခြေစိုက် ထားနိုင်တယ်ဆိုတာ နေတိုးအဖွဲ့က ယူကရိန်းစစ်ပွဲထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်လာပြီလို့ အဓိပ္ပာယ်ရကြောင်း ၎င်းက ပြောပါတယ်။

 

“ယူကရိန်းကိုပို့ပေးမယ့် F-16 ဂျက်တိုက်လေယာဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းစရာ မေးခွန်းတွေ အများအပြား ရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ အားလုံးနားလည်သိရှိထားတဲ့အတိုင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းအများ အပြား ဆက်လက်ထောက်ပံ့နေတဲ့အပြင် နောက်ထပ် နည်းဗျူဟာမြောက် ဂျက်တိုက်လေယာဉ်တွေ ထောက် ပံ့ဖို့ ပြင်ဆင်နေတယ်ဆိုတာကို ကျွန်မပြောချင်ပါတယ်။” လို့ မာရီယာဇာခါရိုဗာက ပြောပါတယ်။

 

“ယူကရိန်းလေယာဉ်ကွင်းက အခြေခံအဆောက်အဦတွေအများစုဟာ ဖျက်ဆီးခံထားရတဲ့အတွက် အမေရိကန် ဂျက်တိုက်လေယာဉ်တွေကို ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ရိုမေးနီးယားတို့လိုနိုင်ငံတွေထဲမှာ အခြေစိုက်ထားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြောက်အတ္တလန်တိတ်မဟာမိတ်စာချုပ်အဖွဲ့ဟာ ယူကရိန်းစစ်ပွဲထဲကို တဖြည်းဖြည်းတိုး ဝင်လာနေပြီဖြစ်ပါတယ်။ ”လို့ ၎င်းက ပြောပါတယ်။

 

အခုနှစ် သြဂုတ်လအတွင်းမှာ ဒိန်းမတ်နဲ့ နယ်သာလန်မှာရှိတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို ရုရှားရန်ကို ကာကွယ်ဖို့အတွက် ယူကရိန်းနိုင်ငံကို ပို့ပေးဖို့ အမေရိကန်ပြည်ထောင်စုက သဘောတူခွင့်ပြုခဲ့တဲ့အတွက် အဲဒီ ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းကို လာမယ့်နှစ်မှာရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

ပူတင်အားထားရတဲ့ အသက် ၇၃ နှစ်အရွယ် စစ်မက်ဝါဒီ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ရဲ့ အထူးအာဏာ ကုန်လွှဲအပ်ခံထားရတဲ့ ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူ ပြောခွင့်ရအမျိုးသမီး မာရီယာဇာခါရိုဗာက ၎င်းရဲ့ခေါင်း ဆောင်ကိုယ်စား အခုလို အနောက်အုပ်စုကို ခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။

 

“ယူကရိန်းကယ်တင်ရေးဆိုတဲ့ကြွေးကြော်သံအောက်မှာ အနောက်အုပ်စုဟာ ကျွန်မတို့နိုင်ငံကို နှစ်မျိုးစပ်စစ်ပွဲ ဆင်နွှဲနေပါတယ်။ တပြိုင်တည်းမှာပဲ သူတို့ရဲ့အဓိကရည်ရွယ်ချက်က ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံမှုမဖြစ်ရေးဆိုပြီး ပြောနေကြတယ်။” လို့ မာရီယာဇာခါရိုဗာက ပြောပါတယ်။

 

“ရယ်စရာကောင်းလိုက်တာ။ တကယ့်လက်တွေ့မှာက ရုရှားနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြား စစ်ရေးအရ ထိပ် တိုက်တွေ့ဆုံမယ့် အန္တရာယ်က တဖြည်းဖြည်း နီးသထက်နီးလာပါပြီ။ ယူကရိန်းဘက်ကနေ စစ်ပွဲထဲမှာပါဝင်တဲ့ ဂျက်တိုက်လေယာဉ်တွေ ဘယ်နိုင်ငံကပဲ ပျံတက်လာတာဖြစ်ဖြစ် ရုရှားတပ်တွေအတွက်တော အဲဒီနိုင်ငံဟာ တိုက်ခိုက်ချေမှုန်းဖို့အတွက် တရားဝင်ပစ်မှတ်ဖြစ်လာမှာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Russia threatens military strikes on Western countries if Ukraine’s newly-donated F-16s are based in NATO territory

 

#PeopleMedia


Share this post