ယူကရိန်းအတွက် ခရုစ်ဒုံးကျည်အလဲအလှယ်လုပ်ဖို့ ဂျာမနီနဲ့ ဗြိတိန် ဆွေးနွေးနေ
PUBLISHED - January 27, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၇
ယူကရိန်းနိုင်ငံအတွက် ခရုစ်ဒုံးကျည်လဲလှယ်ရေးအစီအစဉ်တစ်ရပ်ဆောင်ရွက်ဖို့ ဂျာမနီနိုင်ငံဟာ ဗြိတိန်နိုင်ငံနဲ့ ဆွေးနွေးနေကြောင်း ဂျာမန်မီယာတွေက ကြာသပတေးနေ့ (ဇန်နဝါရီလ ၂၅ ရက်နေ့) က ရေးသားဖော်ပြလိုက် ပါတယ်။
ဂျာမနီက ဗြိတိန်ကို တောရက်စ်ဒုံးကျည် (Taurus) တွေပြန်ပေးမယ်ဆိုရင် ဗြိတိန်နိုင်ငံအနေနဲ့ ယူကရိန်းကို မုန်တိုးအရိပ်ဒုံးကျည် (Storm Shadow) တွေ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ လွန်ခဲ့တဲ့သီတင်းပတ်လေး ငါးပတ်လောက်က ဗြိတိန်အစိုးရက ကမ်းလှမ်းခဲ့ကြောင်း Handelsblatt နေ့စဉ်ထုတ်သတင်းစာက ရေးသားခဲ့ပါ တယ်။
ဂျာမန်အဓိပတိရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ မသိပေးပေမဲ့ ဘယ်လိုဆွေးနွေးမှုမျိုးမဆို အလုပ်ဖြစ်နိုင်မှုအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးဘောရစ်ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။
ဂျာမနီနိုင်ငံဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်း ဒုတိယအများဆုံးထောက်ပံ့နေတဲ့ နိုင်ငံဖြစ်ပေမဲ့ ဒီကနေ့အ ချိန်အထိတော့ ယူကရိန်းကလိုချင်လွန်းလို့ ကြိုးပမ်းနေတဲ့ Taurus ဒုံးကျည်တွေကိုတော့ ပို့ဆောင်ပေးတာမျိုး မရှိသေးပါဘူး။
ယူကရိန်းက အဲဒီ Taurus ဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်မှာကို ဂျာမန်အစိုးရ က စိုးရိမ်ပူပန်နေတာဖြစ်ပါတယ်။ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) ကျော်အထိ ပစ်ခတ်နိုင်တဲ့ ဂျာမန်ထုတ် Taurus ဒုံးကျည်ဟာ ဗြိတိန်ထုတ် Storm Shadow ဒုံးကျည်ထက် နှစ်ဆပျံသန်းနိုင်ပါတယ်။
ဗြိတိန်ထုတ် Storm Shadow ဒုံးကျည်ဟာ ကီလိုမီတာ ၂၅၀ (၁၅၅ မိုင်) ကျော်ပစ်ခတ်နိုင်တဲ့ ပြင်သစ်ထုတ် SCALP ဒုံးကျည်နဲ့ ထပ်တူနီးပါး အရည်အသွေးရှိတယ်လို့ ဆိုပါတယ်။
ပြင်သစ်နဲ့ ဗြိတိန်တို့ဟာ ယူကရိန်းနိုင်ငံကို SCALP ဒုံးကျည်တွေနဲ့ Storm Shadow ဒုံးကျည်တွေ ပေးပို့နေတယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ ယူကရိန်းအစိုးရက ရုရှားတပ်တွေကို ခုခံတိုက်ခိုက်ဖို့အတွက် လက်နက်ခဲယမ်းတွေ ပိုမိုပို့ဆောင်ပေးဖို့ တောင်းခံနေရာ အထူးသဖြင့် ဂျာမန်ထုတ် Taurus ဒုံးကျည်တွေပို့ပေးဖို့ တောင်းဆိုနေကြောင်းသိရပါတယ်။
Ref: Germany, UK in Talks over Cruise Missile Swap for Ukraine: Report
#PeopleMedia