• Follow Us on

Home ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေထောက်ပံ့ဖို့ အဓိပတိအိုလက်ရှိုးက သဘောမတူပေမဲ့ ဂျာမန်နိုင်ငံ ခြားရေးဝန်ကြီး အန်နာလီနာဘဲဘော့ခ် ထောက်ခံ

ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေထောက်ပံ့ဖို့ အဓိပတိအိုလက်ရှိုးက သဘောမတူပေမဲ့ ဂျာမန်နိုင်ငံ ခြားရေးဝန်ကြီး အန်နာလီနာဘဲဘော့ခ် ထောက်ခံ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃၀

 

ဂျာမန်အဓိပတိ အိုလက်ရှိုးက သဘောမတူပေမဲ့ ယူကရိန်းနိုင်ငံအတွက် တာဝေးပစ်ဒုံးကျည်တွေထောက်ပံ့ဖို့ ကိစ္စကို ထောက်ခံကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲဘော့ခ်က တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၉ ရက်နေ့) က Bericht aus Berlin မီဒီယာနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မိုင်းကွင်းတွေထဲကို ထိုးဖောက်ဝင်ရောက်ရာမှာ ဒီတာဝေးပစ်လက်နက်တွေဟာ မဟာဗျူဟာအရ အရေးပါတဲ့လက်နက်တွေဖြစ်ကြောင်း အဓိပတိအိုလက်ရှိုးနဲ့ အမြင်မတူတဲ့ Green Party ပါတီဝင် ဘဲဘော့ခ်က ပြောပါတယ်။

 

“ဒီတာဝေးပစ်လက်နက်တွေဟာ အဓိကအခန်းကဏ္ဍကပါဝင်နေကြောင်း အထူးသဖြင့် ယူကရိန်းအရှေ့ပိုင်းက မိုင်းကွင်းတွေကို ဖြတ်ကျော်ဖို့အတွက် မဟာဗျူမြောက်အရေးပါတယ်ဆိုတာ ကျွန်မ ထပ်တလဲလဲ ပြောဆိုပြီး သားဖြစ်ပါတယ်၊။” လို့ ဘဲဘော့ခ်က ပြောပါတယ်။

 

အနာဂတ်ကာလ ယူကရိန်းအတွက် ဂျာမနီရဲ့လက်နက်ထောက်ပံ့မှုတွေ ထပ်မံရှိလာနိုင်သလားဆိုတဲ့ မေးမြန်း ချက်ကို ဖြေကြားရမှာ “ဒီမိုကရက်တစ် အဖွဲ့အစည်းတစ်ရပ်အနေနဲ့ မိတ်ဖက်နိုင်ငံတွေက သဘောမတူဘူးဆိုရင် တော့ ကျွန်မတို့လည်း အဲဒီတာဝေးပစ်လက်နက်တွေကို မထောက်ပံ့နိုင်ပါဘူး။ အခုလို အခြေအနေမျိုးမှာတော့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့အပေါ် မူတည်နေပါတယ်။” လို့ ၎င်းက ပြန်လည်ဖြေကြားပါတယ်။

 

ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကတော့ ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုက်ခိုက်ရာမှာ အနောက်နိုင်ငံ က ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုခွင့်ပေးဖို့ အနောက်နိုင်ငံတွေကို တောက်လျှောက် တကျည်ကျည် တောင်းဆိုနေပါတယ်။

 

ယူကရိန်းရဲ့ဆန္ဒပြည့်ဝဖို့ လိုက်လျောရမယ်ဆိုရင် အမေရိကန်က ၎င်းတို့ထောက်ပံ့ထားတဲ့ ATACMS ဒုံးကျည် တွေကို အသုံးပြုခွင့်ပေးရမှာဖြစ်သလို ဗြိတိန်ကလည်း Storm Shadow ဒုံးကျည်တွေကို အသုံးပြုခွင့်ပေးရမှာ ဖြစ်ပါတယ်။

 

ဂျာမန်အဓိပတိအိုလက်ရှိုးကတော့ မော်စကိုအထိ ပစ်ခတ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ဂျာမန်-ဆွီဒင်ထုတ် Taurus ဒုံး ကျည်တွေ အသုံးပြုခွင့်ကို တောက်လျှောက်ထိန်းချုပ်ထားခဲ့ပါတယ်။

 

မကြာသေးခင် စက်တင်ဘာလအတွင်းက Saxony ပြည်နယ်၊ Thuringia ပြည်နယ်နဲ့ Brandenburg ပြည်နယ် က ရွေးကောက်ပွဲတွေမှာတော့ ယူကရိန်းစစ်ရေးထောက်ပံ့မှုကို ဆန့်ကျင်တဲ့ ဆာရာဝါဂန်ကနက်ချ် (Sarah Wagenknecht) ရဲ့ Common Sense and Justice (SSG) ပါတီဟာ သိသိသာသာ မဲအသာစီးရနေတယ်လို့ ဆိုပါတယ်။

 

အန်နာလီနာဘဲဘော့ခ်ရဲ့ Green Party ကတော့ Thuringia ပြည်နယ်မှာ ၃.၂% ၊ Saxony ပြည်နယ်မှာ ၅% နဲ့ Brandenburg ပြည်နယ်မှာ ၄.၁% သာရရှိပြီး သိသိသာသာ အရေးနိမ့်နေတဲ့အတွက် လွှတ်တော်ထဲရောက် ရှိဖို့ မလွယ်ဘူးလို့ဆိုပါတယ်။

 

Ref: German Foreign Minister backs long-range missile supplies to Ukraine despite Chancellor’s opposition

 

#PeopleMedia


Share this post