• Follow Us on

Home ယူကရိန်းအတွက် ဒေါ်လာ ၂.၃ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီသစ် အမေရိကန်ထောက်ပံ့မည်

ယူကရိန်းအတွက် ဒေါ်လာ ၂.၃ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီသစ် အမေရိကန်ထောက်ပံ့မည်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၄

 

အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံအတွက် လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေနဲ့ တင့်ဖျက် လက်နက်တွေ အဓိကပါဝင်မယ့် ဒေါ်လာ ၂.၃ ဘီလျံ တန်ကြေးရှိ လုံခြုံရေးအထောက်အပံ့သစ်တစ်ခုကို ပေး အပ်သွားမှာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီလွိုက်သြစတင်က အင်္ဂါနေ့ (ဇူလိုင်လ ၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းအရှေ့ပိုင်းက ကျေးရွာတွေကို ရုရှားတပ်တွေက ထပ်မံသိမ်းပိုက်လိုက်နိုင်ကြောင်း ရုရှားဘက်က ကြေ ညာခဲ့ပြီး ယူကရိန်းတပ်ဖွဲ့တွေ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရတဲ့အချိန်မှာ အခုကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

 

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းအတွက် ဒေါ်လာ ၂.၃ ဘီလျံ ကျော် တန်ဖိုးရှိတဲ့ လုံခြုံရေးအကူ အညီသစ်တွေထောက်ပံ့သွားမယ့်အကြောင်း မကြာခင် ကြေညာပါလိမ့်မယ်။” လို့ ယူကရိန်းကာကွယ်ရေးဝန် ကြီး ရူစတင်းအူမဲရော့ဗ်နဲ့ တွေ့ဆုံစဉ် သြစတင်က ပြောပါတယ်။

 

“အဲဒီအကူအညီထဲမှာ အမေရိကန်လက်နက်တိုက်ထဲက ထုတ်ယူထားတဲ့ လေကြောင်းရန်ကာကွယ်ရေး လက် နက်တွေ၊ တင့်ဖျက်လက်နက်တွေနဲ့ တခြား အရေးကြီးတဲ့ခဲယမ်းတွေ ပါဝင်ပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

အမေရိကန်အကူအညီတွေနဲ့အတူ ရုရှားတပ်တွေကို တိုက်ခိုက်ဟန့်တားသွားမှာဖြစ်ပြီး ကျူးကျော်မှုကိုလည်း ကာကွယ်သွားမှာဖြစ်ကြောင်း ပြောဆိုရင်း အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုအတွက် ယူကရိန်းကာကွယ်ရေး ဝန်ကြီး ရူစတင်းအူမဲရော့ဗ်က သြစတင်ကို ကျေးဇူးတင်စကား ပြောကြားပါတယ်။

 

အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်း အဓိကထောက်ပံ့နေတဲ့နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲစတင်ကတည်းက အခုအချိန်အထိ စစ်လက်နက်ပစ္စည်းနဲ့ တခြားလုံခြုံရေးအကူအညီတွေ ဒေါ်လာ ၅၁ ဘီလျံကျော်ဖိုး ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။

 

ဒါပေမဲ့ အမေရိကန်အစိုးရအနေနဲ့ အခုနှစ်အတွင်း ယူကရိန်းကို ထောက်ပံ့မှုတွေ ကန့်သတ်ထားလိုက်ကြောင်း ကြေညာခဲ့ပြီး တခြားစစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ ပင်တဂွန်က အရန်စုဆောင်းထားတဲ့ ဒေါ်လာ သန်း ၃၀၀ ဝန်းကျင်လောက်ကိုသာ အခုနှစ်အတွက် ကူညီနိုင်လိမ့်မယ်လို့ ဧပြီလ နှောင်းပိုင်းက ပြောဆိုခဲ့ပါတယ်။

 

ယူကရိန်းအတွက် ရန်ပုံငွေအများအပြားထောက်ပံ့တာကို ကွန်ဂရက်လွှတ်တော်က ခွင့်မပြုတော့တာ တစ်နှစ်ခွဲ နီးပါးရှိသွားပြီဖြစ်ပေမဲ့ နောက်ဆုံးမှာ လပေါင်းများစွာ အပြင်းအထန်ငြင်းခုန်ဆွေးနွေးပြီးနောက် ယူကရိန်းအ တွက် ဒေါ်လာ ၆၁ ဘီလျံအပါအဝင် ပြည်ပအကူအညီ ဒေါ်လာ ၉၅ ဘီလျံကို ခွင့်ပြုခဲ့ပါတယ်။

 

အမေရိကန်အစိုးရက အဲဒီအချိန်ကတည်းက အကူအညီသစ်ပေါင်းစုံ ထောက်ပံ့ခဲ့ပေမဲ့ ယူကရိန်းနိုင်ငံက အကူ အညီသစ်တွေကို စောင့်နေစဉ်အတွင်း ရုရှားက စစ်မြေပြင်မှာ အစီအစဉ်သစ်တွေ ဆောင်ရွက်လာနိုင်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာဖို့အတွက် မိမိတို့အနေနဲ့ အဆင့်များစွာ တံတားထိုးဆောင်ရွက်သွားမှာဖြစ် ကြောင်း ဝါရှင်တန်မှာ လာမယ့်သီတင်းပတ်အတွင်း ကျင်းပမယ့် နေတိုးအဖွဲ့ ၇၅ ှနှစ်မြောက် နှစ်ပတ်လည် အစည်းအဝေးမတိုင်ခင် သြစတင်က ပြောပါတယ်။

 

Ref: US to Provide $2.3B in New Security Aid for Ukraine

 

#PeopleMedia


Share this post