• Follow Us on
Latest News

Home ယူကရိန်းအတွက် နောက်ဆုံးအသုတ်စစ်လက်နက်ပစ္စည်းအကူအညီတွေ ပေးပို့သွားမှာဖြစ်ကြောင်း အမေရိ ကန်ပြော

ယူကရိန်းအတွက် နောက်ဆုံးအသုတ်စစ်လက်နက်ပစ္စည်းအကူအညီတွေ ပေးပို့သွားမှာဖြစ်ကြောင်း အမေရိ ကန်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉

 

ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်လက်ထောက်ပံ့ဖို့အတွက် ကွန်ဂရက်လွှတ်တော်ရဲ့ထောက်ခံချက်လို အပ်တဲ့အချိန်မှာ လက်ရှိလုပ်ပိုင်ခွင့်ရှိတဲ့ဘောင်ထဲကနေ ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်ပစ္စည်းအကူအညီ နောက်ဆုံးအသုတ်ကို ပေးပို့သွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၂၇ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

“အခုနှစ်ရဲ့ နောက်ဆုံးအသုတ်အကူအညီထဲမှာ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေနဲ့ အမြောက်ကျည် တွေပါဝင်ပါတယ်။ ယူကရိန်းနိုင်ငံကို ဆက်လက်ထောက်ပံ့ရေးနဲ့ပတ်သက်ပြီး ရီပတ်ဘလီကန်တွေလွှမ်းမိုးထား တဲ့ ကွန်ဂရက်လွှတ်တော်အနေနဲ့ နောက်ထပ်အကူအညီတွေဆက်လက်ပေးနိုင်အောင် အမြန်ဆုံးဆောင်ရွက် သင့်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ယူကရိန်းကို ဦးစားပေးတစ်ရပ်အဖြစ်သတ်မှတ်ပြီး ရုရှားတပ်တွေကို ခုခံ တိုက်ခိုက်ရေးအတွက် အနောက်တိုင်းလိုလားတဲ့ယူကရိန်းနိုင်ငံကို ကူညီရာမှာ အမေရိကန်စစ်လက်နက် ပစ္စည်းတွေနဲ့ ဘဏ္ဍာရေးအကူအညီတွေဟာ အလွန်အရေးပါကြောင်း ထောက်ခံပြောဆိုခဲ့ပါတယ်။

 

ဒါပေမဲ့ ဒီမိုကရက်တွေက အမေရိကန်တောင်ပိုင်းနယ်စပ်က တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာမှုတွေကို ရှင်း လင်းပစ်ဖို့နဲ့ တင်းတငက်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်ဖို့ ပထမဦးဆုံးသဘောမတူဘူးဆိုရင် လကျ်ာဝါဒီ ရီ ပတ်ဘလီကန်တွေက ယူကရိန်းကိုကူညီဖို့ ရန်ပုံငွေအသစ်တွေခွင့်ပြုဖို့အတွက် ငြင်းပယ်ရင်း လက်ရှိကြိုးပမ်းမှု တွေကို ရပ်တန့်ထားခိုင်းပါတယ်။

 

အခုနောက်ဆုံးအသုတ်အကူအညီဟာ ဒေါ်လာ သန်း ၂၅၀ တန်ကြေးရှိ စစ်လက်နက်ပစ္စည်းတွေဖြစ်ပြီး အဲဒီအ ထဲမှာ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ ဆက်စပ်ပစ္စည်းအစိတ်အပိုင်းတွေ၊ အတွဲလိုက်ဒုံးပစ်လောင် ချာတွေ၊ ၁၅၅ မမနဲ့ ၁၀၅ မမ အမြောက်ကျည်တွေ၊ တင့်ဖျက်ကျည်တွေ၊ တခြားခဲယမ်း ၁၅ သန်းကျော် ပါဝင် တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဦးဆောင်တဲ့ စုပေါင်းကူညီမှုမှာ နိုင်ငံပေါင်း ၅၀ ကျော်က အကူအညီတွေ လည်းပါဝင်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

“ယူကရိန်းနိုင်ငံ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်အောင်နဲ့ ၎င်းတို့အနာဂတ်အတွက် လုံခြုံစိတ်ချရအောင် ကူညီ ဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကျိုးစီးပွားကို မြှင့်တင်ဖို့ ကွန်ဂရက်လွှတ် တော်အနေနဲ့ တတ်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်ဖို့ အလွန်အရေးကြီးပါတယ်။” လို့ ထုတ်ပြန်ချက်ထဲမှာဖော် ပြထားပါတယ်။

 

ယူကရိန်းနိုင်ငံမှာတော့ ယူကရိန်းသမ္မတရဲ့လက်ထောက်အရာရှိ အန်ဒရီယာမတ်က အမေရိကန်အကူအညီ တွေကို ကြိုဆိုကြောင်း ပြောကြားလိုက်ပါတယ်။

 

“သင်တို့ရဲ့အကူအညီတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နိုင်မှာပါ။” လု့ိ ယာမတ်က X လူမှုကွန် ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

 

Ref: US Releases Final Package of Authorized Military Aid for Ukraine

 

#PeopleMedia


Share this post