ယူကရိန်းအတွက် AI နည်းပညာသုံး HX-2 တိုက် ခိုက်ရေးဒရုန်းအသစ် ၆,၀၀၀ ဂျာမနီ ကုမ္ပဏီ ထုတ်လုပ်သွားမည်

PUBLISHED - February 14, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄
ဂျာမန်စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Helsing ဟာ ယူကရိန်းနိုင်ငံအတွက် AI နည်းပညာသုံး HX-2 တိုက် ခိုက်ရေးဒရုန်းအသစ် ၆,၀၀၀ ထုတ်လုပ်သွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ (ကြာသပတေးနေ့) က ပြောကြား လိုက်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ဒရုန်းတွေအသုံးပြုလာတာက စစ်ဆင်ရေးအခြေအနေတွေကို အခြေခံကျကျ ပြောင်းလဲဖြစ်လိုက်တာ ဖြစ်ပြီး တိုက်ခိုက်ရေးတပ်ဖွဲ့တွေအနေနဲ့ စောင့်ကြည့်ထောက်လှမ်းတာဝန်တွေနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ပိုမိုထက် မြက်လာတာကို တွေ့နိုင်ပေမဲ့ ဥရောပဒေသကတော့ အဲဒီဒရုန်းတွေကို ပြည်တွင်းမှာ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ ကြိုးစားရုန်း ကန်ခဲ့ရပါတယ်။
ဂျာမနီတောင်ပိုင်းမှာရှိတဲ့ Resilience Factory ခေါ် စက်ရုံဟာ အဆင့်မြင့် ဒရုန်းတွေထုတ်လုပ်ဖို့အတွက် ၎င်းတို့ ) ကုမ္ပဏီက ပထမဦးဆုံးတည်ဆောက်ခဲ့တဲ့ စက်ရုံဖြစ်ကြောင်း Helsing (ဟဲဆိုင်း) ကုမ္ပဏီက ပြောပါတယ်။
စစ်ပွဲကြီးတစ်ခုဖြစ်ပွားလာတဲ့အချိန်မှာ ဒရုန်းအစင်းရေ အမြောက်အများ ထုတ်လုပ်နိုင်အောင် ဥရောတစ်ခွင်မှာ စက်ရုံ အများအပြားတည်ဆောက်ဖို့ စီစဉ်နေကြောင်း Helsing ကုမ္ပဏီက ပြောပါတယ်။
ဂျာမနီတောင်ပိုင်းမှာရှိတဲ့ ဒီစက်ရုံကနေ တစ်လကို HX-2 တိုက်ခိုက်ရေးဒရုန်း အစင်း ၁၀၀၀ ကျော် ထုတ်လုပ်နိုင်စွမ်း ရှိကြောင်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ Helsing ကုမ္ပဏီက ပြောပါတယ်။
AI နည်းပညာတွေအသုံးပြုထားတဲ့ HX-2 တိုက်ခိုက်ရေးဒရုန်းတွေဟာ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) အကွာအဝေးအထိ ပျံသန်းနိုင်ပြီး အီလက်ထရောနစ်စစ်ဆင်ရေးကို ခံနိုင်ရည်ရှိသလို အုပ်ဖွဲ့ပျံသန်းတိုက်ခိုက်နိုင်စွမ်းလည်းရှိတယ်လို့ ကုမ္ပဏီ က ပြောပါတယ်။
“HX-2 ဒရုန်းတွေကို သမရိုးကျ ဒရုန်းတွေထက် ကုန်ကျစရိတ်သက်သာပြီး အများအပြားထုတ်လုပ်နိုင်အောင် ဒီဇိုင်းရေး ဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီဒရုန်းတွေဟာ ခေတ်သစ်ကြည်းစစ်ဆင်ရေးရဲ့ မြင့်တက်လာတဲ့ စွမ်းရည်ကွာ ခြားမှုကို ဖြည့်ဆည်းပေးသွားမယ့် ဒရုန်းဖြစ်ပါတယ်။” လို့ Helsing ကုမ္ပဏီကြေညာချက်မှာ ဖော်ပြထားပါတယ်။
ယူကရိန်းနိုင်ငံအတွက် HF-1 တိုက်ခိုက်ရေးဒရုန်းတွေမှာယူထားတဲ့အတွက် လက်ရှိအချိန်မှာ ထုတ်လုပ်နေဆဲဖြစ်ပြီး HX-2 တိုက်ခိုက်ရေးဒရုန်းတွေကို ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ကြောင်း Helsing ကုမ္ပဏီက ပြောပါတယ်။
Ref: German Firm to Make 6,000 More AI-Enabled Drones for Ukraine
#PeopleMedia