ယူကရိန်းအတွက် F-16 တွေလက်ခံထားမယ့် နေတိုးနိုင်ငံစစ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ရုရှား ပြင်ဆင်နေပြီဖြစ်ကြောင်း လွှတ်တော်အမတ်ပြော
PUBLISHED - June 11, 2024
နိုင်ငံတကာ၊ ဇွန် ၁၁
ရုရှားကို တိုက်ခိုက်ရာမှာအသုံးပြုဖို့ရည်ရွယ်ထားတဲ့ ယူကရိန်းနိုင်ငံက F-16 ဂျက်တိုက်လေယာဉ်တွေကို လက် ခံထားတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ လေယာဉ်ကွင်းတွေကို တိုက်ခိုက်ဖို့အတွက် ရုရှားနိုင်ငံက ကြိုတင်ပြင်ဆင် နေပြီဖြစ်ကြောင်း ရုရှားလွှတ်တော်အမတ်တစ်ဦးက တနင်္လာနေ့ (ဇွန်လ ၁၀ ရက်နေ့) ကပြောကြားလိုက်ပါ တယ်။
နေတိုးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေက ရုရှားနဲ့ တိုက်ရိုက်စစ်ဖြစ်လာနိုင်တဲ့အခြေအနေတွေကို သတိပေးနေစဉ် သလို ယူကရိန်းစစ်ပွဲအတွင်း နေတိုးအဖွဲ့နဲ့ ရုရှားနိုင်ငံကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရုရှားနိုင်ငံက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့စဉ်ကတည်းက ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ထိပ်တန်းအရာရှိတွေဟာ ယူကရိန်းနဲ့ အနောက်အုပ်စုမိတ်ဖက်နိုင်ငံတွေကို နျူကလီးယားလက်နက်အသုံးပြုတိုက်ခိုက်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ အခုနှစ် နွေရာသီကနေစတင်ပြီး အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေဆီကနေ F-16 ဂျက် တိုက်လေယာဉ်တွေ ရရှိတော့မှာဖြစ်ပါတယ်။
ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေထောက်ပံ့ရေးမှာ ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံက ဦးဆောင်နေ တာဖြစ်ပြီး ဒိန်းမတ်နိုင်ငံက ၎င်းတို့ရဲ့ F-16 တွေကို အခုနှစ်နွေရာသီမှာ တင်ပို့သွားဖို့ စီစဉ်ထားသလို နယ် သာလန်နိုင်ငံကလည်း ဆောင်းရာသီမှာ တင်ပို့သွားဖို့ စီစဉ်ထားပါတယ်။
ရုရှားနိုင်ငံကို တိုက်ခိုက်မယ့် F-16 ဂျက်တိုက်လေယာဉ်တွေကို လက်ခံထားရှိမယ့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်စခန်းတွေဟာ ရုရှားနိုင်ငံအတွက် “တရားဝင်ပစ်မှတ်တွေ” ဖြစ်လာမှာဖြစ်ကြောင်း ရုရှားအောက်လွှတ်တော် ကာကွယ်ရေးကော်မတီအကြီးအကဲ အန်ဒရီကာတာပိုလော့ဗ်က တနင်္လာနေ့က RIA Novosti သတင်းဌာနကို ပြောပါတယ်။
“နိုင်ငံတစ်ခုခုကနေ အဲဒီလေယာဉ်တွေ ပျံတက်လာပြီး ယူကရိန်းလေပိုင်နက်ထဲကို ဝင်လာမယ်၊ ပြီးရင် ယူက ရိန်းပိုင်နက်ထဲကနေ ဒုံးကျည်နဲ့ပစ်ပြီး စောစောက ပြောတဲ့နိုင်ငံထဲကို ပြန်ဝင်သွားမယ်ဆိုရင် အဲဒီနိုင်ငံဟာ တရားဝင်ပစ်မှတ်ဖြစ်လာမှာပါ။ ပစ်ချဖို့ လိုအပ်လာရင် ဘယ်နေရာမှာမဆို ကျွန်တော်တို့ ပစ်ချနိုင်ပါတယ်။” လို့ ကာတာပိုလော့ဗ်က ပြောပါတယ်။
ယူကရိန်းအနေနဲ့ F-16 ဂျက်တိုက်လေယာဉ်တချို့ကို ရုရှားတွေတိုက်ခိုက်လာမှာကို ရှောင်ရှားတဲ့အနေနဲ့ နိုင်ငံ ရဲ့ပြင်ပမှာ ထားရှိနိုင်တယ်လို့ ယူကရိန်းထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပြီးနောက်မှာ ကာတာပို လော့ဗ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“F-16 တချို့ကို ရန်သူတိုက်ခံတာမခံရအောင် ယူကရိန်းနိုင်ငံအပြင်ဘက်က လုံခြုံတဲ့စစ်စခန်းတွေမှာ သိမ်းထား ဦးမှာပါ။ ကျွန်တော်တို့ဆီမှာ လက်ရှိရှိနေတဲ့ လေသူရဲတွေ မောင်းနှင်နိုင်တဲ့အရေအတွက်နဲ့ စစ်ဆင်ရေးဆောင် ရွက်နိုင်ပါတယ်။ လေသူရဲတွေ ပိုမိုမွေးထုတ်ပေးလာနိုင်တဲ့အချိန်မှာ ယူကရိန်းနိုင်ငံမှာလည်း တိုက်ပွဲဝင် ဂျက် တိုက်လေယာဉ်တွေ ပိုမိုများပြာလာမှာပါ။” လို့ ယူကရိန်းလေတပ်၊ ပံျသန်းရေးဌာနအကြီးအကဲ ဆာဟီဟော လက်ဘ်ဆော့ဗ်က ပြောပါတယ်။
ဒါပေမဲ့ F-16 တွေဟာ ကောင်းစွာထိန်းသိမ်းထားတဲ့လေယာဉ်ပြေးလမ်းတွေလိုအပ်သလို မြေပြင်မှာ တိုက်ခိုက် မှုမခံရအောင် ကာကွယ်ထားမယ့် သံကူကွန်ကရစ်လေယာဉ်သိုလှောင်ရုံတွေ လိုအပ်တာကြောင့် ယူကရိန်းလေ တပ်ကို F-16 ဂျက်တိုက်လေယာဉ်တွေ ရောက်ရှိလာမယ့်အရေးမှာ စိန်ခေါ်မှုတချို့ရှိနေပါတယ်။
Ref: Russia’s Prepared to Strike NATO F-16s: Newsweek
#PeopleMedia