• Follow Us on

Home ယူကရိန်းအတွက် F-16 တွေ မကြာခင်ပို့ပေးတော့မယ်လို့ နယ်သာလန်ပြော

ယူကရိန်းအတွက် F-16 တွေ မကြာခင်ပို့ပေးတော့မယ်လို့ နယ်သာလန်ပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၈

 

နယ်သာလန်နိုင်ငံအနေနဲ့ ယူကရိန်းအတွက် F-16 ဂျက်တိုက်လေယာဉ်တွေကို မကြာခင်ပို့ပေးတော့မှာဖြစ် ကြောင်း စနေ/တနင်္ဂနွေ ကိယက်ဗ်ခရီးစဉ်အတွင်း နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးကက်စ်ပါဗဲလ်ကမ်ပ်က ပြောကြားလိုက်ပါတယ်။

 

အဆိုပါ အမေရိကန်ထုတ် ခေတ်မီဂျက်တိုက်လေယာဉ်တွေက ရုရှားတပ်တွေကို တိုက်ခိုက်ရာမှာ အသာစီးရဖို့ အထောက်အကူပြုနိုင်မှာဖြစ်သလို ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ မြို့ကြီးတွေကို ရုရှားတိုက်ခိုက်မှုတွေကနေ ပိုမိုကာ ကွယ်ပေးနိုင်မှာဖြစ်တယ်လို့ ယူကရိန်းတွေက မျှော်လင့်ထားပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်က လိုအပ်တဲ့ပြည်ပပို့ကုန်လိုင်စင်တွေ ခွင့်ပြုပေးခဲ့ပြီးနောက် နယ်သာလန်အစိုးရအနေနဲ့ ဂျက်တိုက်လေယာဉ်တွေပို့ပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဝန်ကြီး ကက်စ်ပါဗဲလ်ကမ်ပ်က ပြောပါတယ်။

 

ဗဲလ်ကမ်ပ်ရဲ့ ကိယက်ဗ်ခရီးစဉ်ဟာ ပြီးခဲ့တဲ့သီတင်းပတ် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာချိန်ကတည်းက ပထမဦး ဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။

 

“F-16 တိုက်လေယာဉ်ပို့ဆောင်ရေးနဲ့ပတ်သက်ပြီး လိုအပ်တာတွေ အကုန်ရှင်းလင်းပြီးသွားပြီမို့ မကြာခင် အဲဒီ လေယာဉ်တွေကို ပို့ပေးတော့မှာဖြစ်ပါတယ်။” လို့ စနေနေ့က ပြုလုပ်ခဲ့တဲ့ ကိယက်ဗ်မြို့က သတင်းစာရှင်းလင်း ပွဲမှာ ၎င်းက ပြောပါတယ်။

 

နယ်သာလန်က ကတိပြုထားတဲ့ F-16 ဂျက်တိုက်လေယာဉ် ၂၄ စင်းအနက် ပထမအသုတ် ပို့ဆောင်ပေးမယ့် အချိန်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားကျူးကျော်မှုစတင်ပြီးနောက်ပိုင်း မကြာခင်မှာပဲ ယူကရိန်းနိုင်ငံက မဟာမိတ် နိုင်ငံတွေဆီကို F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ တောက်လျှောက်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

 

ရောက်ရှိလာမယ့် F-16 တွေကို ကိုင်တွယ်မောင်းနှင်နိုင်ဖို့အတွက် ယူကရိန်းလေသူရဲတွေဟာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေမှာ သင်တန်းတက်နေတာ လပေါင်းများစွာကြာမြင့်နေပြီဖြစ်ပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံ လေးငါးနိုင်ငံက ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုထားပါတယ်။

 

ရုရှားတပ်တွေကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖို့ ယူကရိန်းအနေနဲ့ ဂျက်တိုက်လေယာဉ် အစင်း ၁၃၀ ဝန်းကျင်အထိ လိုအပ်ကြောင်း မေလအတွင်းက AFP နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ယူကရိန်းသမ္မတဗလာဒီမာဇီလန် စကီးက ပြောပါတယ်။

 

F-16 ဂျက်တိုက်လေယာဉ်တွေအပါအဝင် ယူကရိန်းကို အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ ဘယ်လို စစ်လက် နက်ပစ္စည်းတွေကိုမဆို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ကြောင်း ရုရှားအစိုးရက ပြောပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားတပ်တွေက ယူကရိန်းလေတပ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့တဲ့အတွက် မကြာခင် ရောက်ရှိလာတော့မယ့် F-16 ဂျက်တိုက်လေယာဉ်တွေကို ကာကွယ်ဖို့ ယူကရိန်းအစိုးရရဲ့ဆောင်ရွက်နိုင်စွမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။

 

Ref: Netherlands promises Ukraine F16 fighter jets ‘without delay’

 

#PeopleMedia


Share this post