• Follow Us on
Latest News

Home ယူကရိန်းအတွက် ISR ဒရုန်းတွေ နယ်သာလန်ထောက်ပံ့မည်

ယူကရိန်းအတွက် ISR ဒရုန်းတွေ နယ်သာလန်ထောက်ပံ့မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၃

 

ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ရာမှာ ယူကရိန်းနိုင်ငံအတွက် စစ်သတင်းစုဆောင်းရေး၊ စောင့်ကြည့် ထောက်လှမ်းရေးနဲ့ ကင်းထောက်တာဝန်တွေထမ်းဆောင်မယ့် ဒရုန်းတွေ ထောက်ပံ့နိုင်ဖို့အတွက် ဒတ်ချ် အစိုးရဟာ ဒေသတွင်း DeltaQuad ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

 

စစ်မြေပြင်ကို ထိရောက်စွာစောင့်ကြည့်ထောက်လှမ်းနိုင်ဖို့နဲ့ သတင်းအချက်အလက်တွေ ကောက်ယူစုဆောင်း နိုင်ဖို့အတွက် နယ်သာလန်က ယူကရိန်းကို ISR ဒရုန်းတွေ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

အခုစီမံချက်အရ ထောက်ပံ့မယ့် ဒရုန်းတွေမှာ ရန်သူ့ jamming တိုက်ခိုက်မှုကို ကြားဖြတ်ကာကွယ်နိုင်မယ့် ခေတ်မီစွမ်းရည်တွေထည့်သွင်းပေါင်းစပ်ထားသလို လျှို့ဝှက် တပ်ဖြန့်ချထားနိုင်တဲ့အပြင် ကွပ်ကွဲကြီးကြပ်ရေး စင်တာက အဆက်အသွယ်မရတဲ့အခြေအနေမျိုးမှာ စစ်ဆင်ရေးတွေကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင် အောင်လည်း နည်းပညာတွေ ပေါင်းစပ်ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

 

DeltaQuad ကုမ္ပဏီကထုတ်လုပ်ပြီး ထောက်ပံ့မယ့် ဒရုန်းတွေရဲ့ တန်ဖိုးဟာ ယူရိုငွေ ၄၂.၆ သန်း (ဒေါ်လာ ၄၆ သန်း) ရှိပြီး “ဒတ်ချ်နဲ့ ယူကရိန်းတပ်မတော်အတွက် ဒရုန်းစီမံကိန်း” အရ ပထမဦးဆုံး ဆောင်ရွက်သွားမယ့် အ စီအစဉ်လည်းဖြစ်ပါတယ်။

 

အောက်တိုဘာလ အစောပိုင်းက ကြေညာခဲ့တဲ့ ဒီစီမံချက်မှာ ယူရိုငွေ သန်း ၄၀၀ (ဒေါ်လာ ၄၃၂.၅ သန်း) ဝန်းကျင်အသုံးပြုသွားမှာဖြစ်ပြီး ဒရုန်းထုတ်လုပ်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

“အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်မယ့် အဆင့်မြင့်ဒရုန်းတွေ ယူကရိန်းနိုင်ငံက လိုအပ်နေပါတယ်။ ဒတ်ချ် စက်မှုလုပ်ငန်းက ဒီလိုအပ်ချက်ကို ထောက်ကူဖြည့်ဆည်းပေးနိုင်တဲ့အတွက် ဝမ်းသာပါတယ်။” လို့ ဒတ်ချ် ကာကွယ်ရေးဝန်ကြီး ရူဘန်းဘရိကဲလ်မန်းစ်က ပြောပါတယ်။

 

“ဒတ်ချ် ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ဒီအစီအစဉ်ဟာ ဒတ်ချ်ဒရုန်းတွေအတွက်လည်း အနာဂတ်ကာလ ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ခက်ခဲကြမ်းတမ်းပြီး ပြောင်းလဲနေတဲ့ အခြေအနေတွေမှာ ဆက်လက်တိုက်ပွဲဝင်နိုင်အောင်လို့ ဒတ်ချ်ကုမ္ပဏီရဲ့ ဒရုန်းတွေကို ထုတ်လုပ်စမ်းသပ်နေတာဖြစ်ကြောင်း DeltaQuad ကုမ္ပဏီရဲ့ CEO ဆန်းဒါးဆမိတ်စ်က ပြောပါ တယ်။

 

“ဒီအဆင့်ဟာ စစ်တပ်၊ မူဝါဒချမှတ်ဆောင်ရွက်သူများနဲ့ နိုင်ငံတကာစက်မှုလုပ်သန်းတွေကြားထဲက နိုင်ငံတကာ တီထွင်ဖန်တီးမှုနဲ့ အလျင်အမြန်ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတဲ့ ဒရုန်းဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ် မှာ အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

DeltaQuad ကုမ္ပဏီဟာ ထောင်လိုက် အတက်အဆင်းပြုလုပ်နိုင်တဲ့ Evo ဒရုန်းတွေထုတ်လုပ်ရာမှာ လူသိများ တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Evo ဒရုန်းဟာ ၂၄၆ ကီလိုမီတာ (၁၅၃ မိုင်) အထိ ပျံသန်းနိုင်ပြီး လက်နက်အလေးချိန် ၃ ကီလိုမီတာ (၆.၆ ပေါင်) အထိ သယ်ဆောင်ကာ လေးနာရီကြာ တစ်ဆက်တည်း ပျံသန်းနိုင်ပါတယ်။

 

Ref: Ukraine to Receive ISR Drones from Netherlands

 

#PeopleMedia


Share this post