• Follow Us on
Latest News

Home ယူကရိန်းအောင်ပွဲဟာ အနောက်နိုင်ငံတွေအပေါ် မူတည်နေကြောင်း ဇီလန်စကီးပြော

ယူကရိန်းအောင်ပွဲဟာ အနောက်နိုင်ငံတွေအပေါ် မူတည်နေကြောင်း ဇီလန်စကီးပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇

 

ယူကရိန်းနိုင်ငံရဲ့ အောင်ပွဲဟာ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုအပေါ် မူတည်နေကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးကြီးတဲ့စစ်ရေးအထောက်အပံ့တစ်ခုကို ခွင့်ပြုလိမ့်မယ်လို့ ယုံကြည် ကြောင်း ၎င်းက ပြောပါတယ်။ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ရင်း ယူကရိန်းစစ်သည် ၃၁,၀၀၀ ကျဆုံးသွားပြီဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။

 

“ယူကရိန်းနို်င်ငံအနေနဲ့ ဒီစစ်ပွဲမှာ နိုင်မှာလား/ရှုံးမှာလား၊ ကျွန်တော်တို့အတွက် ပိုမိုခက်ခဲလာမှာလား၊ အကျ အဆုံး ပိုမိုများပြားလာမှာလားဆိုတာ ခင်ဗျားတို့အပေါ်၊ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေအပေါ်၊ အနောက် ကမ္ဘာအပေါ် မူတည်နေပါတယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။

 

အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲက ပိတ်ဆို့မှုကြောင့် ခဲယမ်းထောက်ပံ့မှုပြတ်တောက်ခဲ့ပြီး ယူကရိန်းအား နည်းနေတဲ့အချိန်ဖြစ်တဲ့ ရုရှားကျူးကျော်မှုနှစ်နှစ်ကာလအချိန်မှာ ကိယက်ဗ်မြို့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်း လင်းပွဲတစ်ခုမှာ ဇီလန်စကီးက အခုလို ပြောကြားခဲ့ပါတယ်။

 

“ကွန်ဂရက်လွှတ်တော်အတွက် မျှော်လင့်ချက်ရှိပါတယ်။ အကောင်းဘက်ကို လှည့်လာတော့မယ်ဆိုတာ ကျွန် တော်ကျိန်းသေပြောနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့ စတင်နေထိုင်မယ့် ကမ္ဘာကြီးကို ကျွန် တော် နားမလည်ပါဘူး။” ၎င်းက ပြောပါတယ်။

 

ကွန်ဂရက်လွှတ်တော်ထဲမှာ ရီပတ်ဘလီကန်အမတ်တွေက ကန့်ကွက်နေစဉ် ယူကရိန်းအတွက် စစ်ရေးအကူ အညီတွေကို ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

 

ရုရှား-ယူကရိန်း စစ်ပွဲနှစ်နှစ်ကာလအတွင်း ယူကရိန်းစစ်သည် ၃၁,၀၀၀ ကျဆုံးခဲ့တယ်ဆိုတာကို ဇီလန်စကီးက ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

 

“ရုရှားသမ္မတပူတင်နဲ့ သူ့ရဲ့ဝါဒဖြန့်အဖွဲ့တွေက ပြောသလို စစ်သည်အင်အား ၃၀၀,၀၀၀ ဒါမှမဟုတ် ၁၅၀,၀၀၀ ဝန်းကျင်မဟုတ်ပါဘူး။ ဒါပေမဲ့ အခုကျွန်တော်ပြောတဲ့ အရေအတွက် တစ်ယောက်စီတိုင်းဟာလည်း ကျွန်တော် တို့အတွက် ကြီးမားလှတဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

နှစ်ဖက်စလုံးကတော့ ၎င်းတို့ဘက်က အကျအဆုံးစာရင်းတွေကို လျှော့ပြီး ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။ သမ္မတပူတင်နဲ့ ဆွေးနွေးဖို့ရှိသလားလို့ မေးမြန်းတဲ့အခါမှာတော့ “နားကန်းနေတဲ့သူနဲ့ ခင်ဗျား စကားပြောလို့ ရမလား။ သူ့ပြိုင်ဘက်တွေကို သတ်ဖြတ်နေတဲ့ လူတစ်ယောက်နဲ့ ခင်ဗျား ပြောဆိုဆွေးနွေးလို့ရမလား။” လို့ ဇီလန်စကီးက ပြန်ပြောပါတယ်။

 

ပူတင်ရဲ့ အဓိကအတိုက်အခံဖြစ်တဲ့ အလက်ဇီနာဗယ်လ်ညီဟာ အခုလအတွင်းမှာပဲ အာတိတ်ဒေသ အကျဉ်း ထောင်တစ်ခုထဲမှာ သေဆုံးသွားခဲ့ပါတယ်။

 

“သူက သူ့ကိုယ်သူ ၂၀၃၀ ပြည့်နှစ်အထိ အာဏာရမယ်လို့ မြင်ထားတာ။ ကျွန်တော်တို့က သူ့ကို မကြာခင်မှာပဲ အဆုံးသတ်သွားစေ့ချင်တာ။” လို့ ဇီလန်စကီးက ပြောပါတယ်။

 

Ref: Ukraine’s Victory ‘Depends on You,’ Zelensky Tells West

 

#PeopleMedia


Share this post