• Follow Us on
Latest News

Home ယူကရိန်း နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သွားရင် နောက်ထပ် ပဋိပက္ခသစ်တွေ ထပ်မံဖြစ်ပွားလာမှာကို ဆလိုဗက်ကီးယား စိုးရိမ်နေ

ယူကရိန်း နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သွားရင် နောက်ထပ် ပဋိပက္ခသစ်တွေ ထပ်မံဖြစ်ပွားလာမှာကို ဆလိုဗက်ကီးယား စိုးရိမ်နေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

 

ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်လာခဲ့ရင် နောက်ထပ် ပဋိပက္ခသစ်တွေ ထပ်မံဖြစ်ပွားလာမှာကို ဆလိုဗက်ကီးယားနိုင်ငံက စိုးရိမ်ပူပန်နေကြောင်း ဆလိုဗက်ကီးယား နိုင်ငံခြားရေးဝန်ကြီး ယူရိုက်ဘလန်နာက ပြောကြားလိုက်ပါတယ်။

 

ရုရှား-ယူကရိန်းစစ်ပွဲကို စစ်ရေးနည်းလမ်းကတစ်ဆင့် ဖြေရှင်းလို့မရနိုင်ကြောင်း၊ ငြိမ်ချမ်းစွာ ဖြေရှင်းတဲ့နည်း လမ်းကို ပြောင်းလဲဆောင်ရွက်ဖို့ ဆလိုဗက်ကီးယားအစိုးရအနေနဲ့ အားပေးတိုက်တွန်းလိုကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်း အန်းဒရီးဆီဘီဟာနဲ့ တွေ့ဆုံပြီးနောက်မှာ ဆလိုဗက် နိုင်ငံခြားရေးဝန်ကြီး ယူရိုက်ဘလန်နာက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံ ဥရောပသမဂ္ဂအဖွဲ့ထဲကို ဝင်ရောက်တာကို ဆလိုဗက်ကီးယားနိုင်ငံက ထောက်ခံပေမဲ့ နေတိုး အဖွဲ့ထဲဝင်ရောက်ဖို့ ကြိုးပမ်းနေတာကို သဘောမတူကြောင်း ၎င်းက ပြောပါတယ်။

 

ယူကရိန်းသာ နေတိုးအဖွဲ့ဝင်ဖြစ်လာခဲ့ရင် နောက်ထပ် စစ်ပွဲအသစ်တွေ ထပ်မံဖြစ်ပွားလာနိုင်ပေမဲ့ ယူကရိန်း နိုင်ငံရဲ့ မိမိတို့သွားမယ့်လမ်းကြောင်း လွတ်လပ်စွာရွေးချယ်ခွင့်ကို ဆလိုဗက်ကီးယားက လေးစားပါကြောင်း ၎င်းက ပြောပါတယ်။

 

ဒါပေမဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းနဲ့ ဆလိုဗက်ကီးယားနှစ်နိုင်စလုံးရဲ့ အကျိုးစီးပွားနဲ့အညီ ဆောင် ရွက်နေတယ်လို့ ယုံကြည်ကြောင်းနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာတာဟာလည်း ငြိမ်းချမ်းရေးကို ဦးတည်ရှေးရှု ကြောင်းလည်း ဆီဘီဟာက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ၎င်းတို့ကို ရုရှားနိုင်ငံက ထပ်မံကျူးကျော်တိုက်ခိုက်လာနိုင်တာကို ကာကွယ်ဖို့အတွက် နေ တိုးအဖွဲ့ထဲ ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

 

နေတိုးမဟာမိတ်အဖွဲ့ဲထဲကို ဝင်ရောက်ခြင်းကသာ ဥရောပဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးဟောင်း အန်းဒရီးဖို့ရက်မူဆန်နဲ့ ယူကရိန်းသမ္မတရုံး အကြီးအကဲ အန်ဒရီရီယီမတ်က ပြောပါတယ်။

 

ဒါပေမဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကတော့ ယူကရိန်းကို အဖွဲ့ဝင်အဖြစ်လက်ခံဖို့ နှောင့်နှေးကြန့်ကြာနေသလို အနာ ဂတ်မှာ အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့ ကတိပေးရေးအတွက်လည်း အကန့်အသတ်တွေရှိနေပါတယ်။

 

Ref: Slovakia fears new conflicts if Ukraine joins NATO

 

#PeopleMedia


Share this post