• Follow Us on
Latest News

Home ယူကရိန်း နျူကလီးယားလက်နက်ပိုင်ရှင်ဖြစ်လာအောင် ဆောင်ရွက်ပေးမှာမဟုတ်ကြောင်း အမေရိကန်ပြော

ယူကရိန်း နျူကလီးယားလက်နက်ပိုင်ရှင်ဖြစ်လာအောင် ဆောင်ရွက်ပေးမှာမဟုတ်ကြောင်း အမေရိကန်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂

 

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ယူကရိန်းနိုင်ငံက နျူကလီးယားလက်နက်တွေ စွန့်လွှတ်ခဲ့ပြီး ဖြစ်တဲ့အတွက် ယူကရိန်းနိုင်ငံ နျူကလီးယားလက်နက်တွေကိုပြန်ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်လာအောင် ဆောင်ရွက် ပေးဖို့ အမေရိကန်ပြည် ထောင်စုက စဉ်းစားမှာ မဟုတ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဂျိတ်ဆူလီဗန်က ဒီဇင်ဘာ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အိမ်ဖြူတော်ကမထွက်ခွာမီ ယူကရိန်းကို နျူကလီးယားလက်နက်တွေ ပေးသွားနိုင်တယ်ဆိုပြီး အမည်မဖော်လိုတဲ့ အနောက်နိုင်ငံကအရာရှိတွေက ပြောဆိုခဲ့တာကို New York Times ဆောင်းပါးမှာ ဖော်ပြခဲ့ တာနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ ဆူလီဗန်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

“ဒီကိစ္စကို လုံးဝ မစဉ်းစားပါဘူး။ ကျွန်တော်တို့ စဉ်းစားနေတာက ယူကရိန်းတွေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ် ပြီး ရုရှား တပ်တွေကို တိုက်ထုတ်နိုင်အောင် သမရိုးကျလက်နက်ပေါင်းစုံကို ထောက်ပံ့ရေးအတွက် စဉ်းစား နေတာပါ။ သူတို့ကို နျူ ကလီးယားလက်နက်တွေ ထောက်ပံ့ဖို့ မပါပါဘူး။” လို့ ၎င်းက ABC သတင်းဌာနကို ပြောပါတယ်။

 

အဲဒီအတွေးအခေါ်ဟာ “လုံးဝ စိတ်ဖောက်ပြန်ရူးသွပ်တဲ့အတွေးအခေါ်” ဖြစ်ပြီး ရုရှားတပ်တွေကို ယူကရိန်းကို စေလွှတ် ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဟာ အဲဒီလို အနာဂတ်ဖြစ်နိုင်ခြေကို ကာကွယ်ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။

 

ယူကရိန်းအစိုးရဟာ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲစဉ် နျူကလီးယားလက်နက်တွေကို အမွေဆက်ခံရရှိခဲ့ပေမဲ့ ၁၉၉၄ ခုနှစ် ဘူဒါပက်စ်သဘောတူညီချက်အရ နျူကလီးယားလက်နက်အားလုံးကို စွန့်လွှတ်ခဲ့ပါတယ်။

 

အပြန်အလှန်အားဖြင့် ဘူဒါပက်စ်သဘောတူညီချက်အရ ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးကို ရုရှား၊ အမေရိကန် ပြည်ထောင်စု နဲ့ ဗြိတိန်နိုင်ငံတို့က အာမခံရပါတယ်။

 

Ref: US Will Not Return Nuclear Weapons to Ukraine

 

#PeopleMedia


Share this post