• Follow Us on
Latest News

Home ယူကရိန်း F-16 တွေကို အမေရိကန်က ခေတ်မီဒုံးကျည်တွေ တပ်ဆင်ပေးသွားမည်

ယူကရိန်း F-16 တွေကို အမေရိကန်က ခေတ်မီဒုံးကျည်တွေ တပ်ဆင်ပေးသွားမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁

 

ယူကရိန်းကို မကြာခင်ရောက်ရှိလာတော့မယ့် F-16 ဂျက်တိုက်လေယာဉ်တွေအတွက် ခေတ်မီဒုံးကျည်တွေ တပ်ဆင်ပေးဖု့ိ အမေရိကန်အစိုးရက သဘောတူညီလိုက်ပါတယ်။

 

ယူကရိန်း F-16 တွေကို မိုင် ၂၀ ကျော် (၃၂ ကီလိုမီတာ) အထိ ပစ်ခတ်နိုင်တဲ့ AIM-120 တာလတ်သုံး ဝေဟင်-ဝေဟင်ပစ် ဒုံးကျည်တွေ တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက The Wall Street Journal ကို ပြောပါတယ်။

 

အဲဒီဒုံးကျည်တွေဟာ အင်နာရှားယူနစ်နဲ့အတူ active radar စနစ်နဲ့ လေယာဉ်ရဲ့ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်ကို အလွန်အကျွံအားကိုးစရာမလိုတဲ့ micro-computer စနစ်တပ်ဆင်ထားတဲ့အတွက် အနိမ့်ပျံပစ်မှတ်တွေကို ထိ ရောက်စွာ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ယူကရိန်း F-16 တွေဟာ တာတိုသုံး ဝေဟင်-ဝေဟင်ပစ် ဒုံးကျည်တွေဖြစ်တဲ့ ရေသီယွန်ကုမ္ပဏီထုတ် AIM-9X Sidewinder ဒုံးကျည်တွေကိုလည်း လက်ခံရရှိသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ယူကရိန်းတွေအတွက် လိုအပ်နေတဲ့ မရှိမဖြစ်အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ အဲဒီဒုံးကျည်တွေကို ထောက်ပံ့ပေးသွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။” လို့ အမေရိကန်အရာရှိက ပြောပါတယ်။

 

AMRAAM ဒုံးကျည်တွေနဲ့ Sidewinder ဒုံးကျည်တွေအပြင် ယူကရိန်း F-16 တွေအတွက် AGM-88 HARM ဒုံး ကျည်တွေနဲ့ သမရိုးကျဗုံးတွေကနေ စမတ်ဗုံးတွေအဖြစ် ပြောင်းလဲထားတဲ့ JDAM ဒုံးကျည်တွေကိုလည်း တပ် ဆင်ပေးသွားနိုင်ကြောင်း အဆိုပါ အရာရှိက ပြောပါတယ်။

 

အဲဒီလက်နက်တွေကို ယူကရိန်းတပ်ဖွဲ့ဝင်တွေက မြေပြင်ကာကွယ်ရေးအတွက် စစ်ပွဲမှာ တောက်လျှောက်အ သုံးပြုလာတာဖြစ်တဲ့အတွက် ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

 

F-16 ဂျက်တိုက်လေယာဉ်တွေ ယူကရိန်းကို ဘယ်အချိန်ရောက်မယ်ဆိုတာကိုတော့ လုံခြုံရေးအကြောင်းပြ ချက်အရ အမေရိကန်အရာရှိက ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

 

ကနဦးသတင်းတွေအရ F-16 ပထမအသုတ်ဟာ အခုနှစ် နွေရာသီအတွင်းရောက်ရှိလာမယ်လို့ ခန့်မှန်းထားပြီး အခုနှစ်အကုန်ပိုင်းလောက်မှာ ယူကရိန်းလေတပ်ဟာ F-16 ဂျက်တိုက်လေယာဉ် အစင်း ၂၀ အထိ လက်ခံရရှိ သွားမယ်လို့ ဆိုပါတယ်။

 

F-16 တိုက်လေယာဉ်တွေ ရောက်ရှိလာချိန်မှာ ရုရှားတပ်တွေရဲ့ ပစ်မှတ်ဖြစ်လာပြီး အဲဒီလေယာဉ်တွေ တပ်ဖြန့် ချထားမယ့် လေယာဉ်ကွင်းတွေနဲ့ နီးစပ်တဲ့ မြို့တွေ ပစ်မှတ်ဖြစ်လာမှာကို ယူကရိန်းပြည်သူတွေက စိုးရိမ်နေကြ ပါတယ်။

 

Ref: US to Arm Ukraine’s F-16s with Advanced Weapons: Report

 

#PeopleMedia


Share this post