ယူဂန်ဒါလေတပ်က Su-MK30 ဂျက်တိုက်လေယာဉ်တွေကို အိန္ဒိယနိုင်ငံက ပြန်လည်ပြင်ဆင်ပေးမည်
PUBLISHED - March 22, 2022
နိုင်ငံတကာ၊ မတ် ၂၂
ယူဂန်ဒါအစိုးရဟာ ၎င်းတို့လေတပ်ပိုင် ဆူခွိုင်း Su-MK30 ဂျက်တိုက်လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းဖို့နဲ့ နည်း ပညာပိုင်းဆိုင်ရာပံ့ပိုးမှုအတွက် အိန္ဒိယကာကွယ်ရေးလုပ်ငန်းကို အပ်နှံလိုက်ကြောင်း သိရပါတယ်။
အခုလအစောပိုင်းက ယူဂန်ဒါနိုင်ငံနဲ့ ဆူခွိုင်းလေယာဉ်ထုတ်လုပ်ခွင့်လိုင်စင်ရထားတဲ့ အိန္ဒိယအစိုးရပိုင် လေ ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ဟိန္ဒိူစတန်လေယာဉ်ထုတ်လုပ်ရေးလီမိတက်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ၂၀၁၈ ခုနှစ်က အိန္ဒိယ-အာဖရိက ဆက်ဆံရေး မူဝါဒ ၁၀ ချက်ကို ထုတ် ဖော်ပြောကြားလိုက်ပြီးတဲ့နောက်မှာ အခုလို ယူဂန်ဒါနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာစာချုပ်ချုပ်ဆိုလိုက်တာဖြစ် တယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လေယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်နဲ့ပတ်သက်တဲ့ အသုံးစရိတ်ကိစ္စကိုတော့ အိန္ဒိယဘက်ကရော ယူဂန်ဒါနိုင်ငံ ဘက်ကပါ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
အဲဒီတိုက်လေယာဉ်တွေဟာ ယူဂန်ဒါနိုင်ငံမှာရှိတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ ဈေးအကြီးဆုံးစစ်လက်နက် ပစ္စည်းအဖြစ်မှတ်ယူထားတဲ့အတွက် ယူဂန်ဒါနိုင်ငံပိုင် တိုက်လေယာဉ်တွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စစ်ရေး လေ့လာဆန်းစစ်သူတွေကြားမှာ ဒီစာချုပ်ကြောင့် အငြင်းပွားစရာတွေဖြစ်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်က ကွန်ဂိုနိုင်ငံမှာရှိတဲ့ မဟာမိတ်ဒီမိုကရက်တစ်တပ်ပေါင်းစုများလို့ခေါ်တဲ့ ADF သူပုန်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ ယူဂန်ဒါအစိုးရဟာ အဲဒီဆူခွိုင်းတိုက်လေယာဉ်တွေကို အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။
Su-30 ကို အခြေခံတည်ဆောက်ထားတဲ့ Su-MK30 ဂျက်တိုက်လေယာဉ်တွေဟာ လေသူရဲနှစ်ဦး လိုက်ပါပြီး fly-by-wire flight control system တပ်ဆင်ထားတဲ့ ဘက်စုံသုံး ဂျက်တိုက်လေယာဉ်ဖြစ်ပါတယ်။
Su-MK30 ဂျက်တိုက်လေယာဉ်မှာ ၃၀ မမ စက်အမြောက်တပ်ဆင်ထားပြီး Kh-31A/P, Kh-59M နဲ့ Nirbhay တို့လို ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်တွေလည်း တပ်ဆင်ထားပါတယ်။
Su-MK30 ဂျက်တိုက်လေယာဉ်မှာ Al-31FP တာဘိုဂျက်အင်ဂျင် နှစ်လုံးတပ်ဆင်ထားပြီး အသံထက် ၁.၉ ဆ မြန်တဲ့နှုန်း (တစ်နာရီကို ၁,၄၅၇ မိုင်/ ၂,၃၄၆ ကီလိုမီတာ) နဲ့ ပျံသန်းနိုင်ပါတယ်။
Su-MK30 ဂျက်တိုက်လေယာဉ်ဟာ လေယာဉ်ဆီပြန်မဖြည့်ဘဲ တစ်ဆက်တည်း အမြင့်ဆုံး ကီလိုမီတာ ၃,၀၀၀ (၁,၈၆၄ မိုင်) အထိ ပျံသန်းသွားလာနိုင်ကြောင်း သိရပါတယ်။
Ref: India to Repair Ugandan Sukhoi Su-MK30 Jets
(unicode)
……………………………….
Ref: India to Repair Ugandan Sukhoi Su-MK30 Jets