ယူနက်စကိုတင်သွင်းနိုင်ရေး မြန်မာ့သနပ်ခါးနေ့အထိမ်းအမှတ်ကျင်းပ

PUBLISHED - February 14, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ၂၀၂၅ ခုနှစ် မတ်လမတိုင်မီ အမည်စာရင်း တင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဖေဖော်ဝါရီလတစ်လလုံး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ပြတိုက်များနှင့် စာကြည့်တိုက်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမျိုးသားပြတိုက်(နေပြည်တော်) တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်သည့် ပညာပေးအစီအစဉ်အဖြစ် မြန်မာ့သနပ်ခါးဆိုင်ရာ ရှင်းလင်းချက်စာသားများ၊ ဗီဒီယိုမှတ်တမ်းများ ပြသခြင်း၊ သနပ်ခါးဆိုင်ရာ ကဗျာများကို ကျောင်းသား ကျောင်းသူများက ရွတ်ဆိုသရုပ်ပြခြင်း၊ သနပ်ခါးကို လက်တွေ့သွေး၍ ကိုယ်တိုင်လိမ်းခြယ်စေခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia