• Follow Us on

Home ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ပဏာမစာရင်းတွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ပါဝင်လာ

ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ပဏာမစာရင်းတွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ပါဝင်လာ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၇

 

ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အဆိုပြုစာတွဲနှင့်ပတ်သက်၍ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ယူနက်စကို၏ ပဏာမစာရင်းတွင် ပါဝင်လာကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနှင့်ပတ်သက်၍ တရားဝင်ဆုံးဖြတ်မည်ဖြစ်‌ကြောင်း သိရသည်။

 

တင်ပြထားကြသည့် အဆိုပြုစာတွဲများအနက် ယူနက်စကို၏ ဆုံးဖြတ်ချက်(မူကြမ်း) ၌ ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မည့် အဆိုပြုစာတွဲများထဲတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်စာတွဲပါဝင်လျက်ရှိသည်ကို ယူနက်စကို၏ Website တွင် တွေ့ရှိရကြောင်း သိရသည်။

 

#PeopleMedia


Share this post