• Follow Us on
Latest News

Home ယူနီဖောင်းကို ခွဲခြားတိုက်ခိုက်နိုင်တဲ့ AI နည်းပညာသုံးဒရုန်းကို ယူကရိန်း တီထွင်ထုတ်လုပ်

ယူနီဖောင်းကို ခွဲခြားတိုက်ခိုက်နိုင်တဲ့ AI နည်းပညာသုံးဒရုန်းကို ယူကရိန်း တီထွင်ထုတ်လုပ်

Share this post

နိုင်ငံတကာ၊ ဇွန် ၂၈

 

ယူနီဖောင်းဝတ်ထားတဲ့အပေါ် ခွဲခြားတိုက်ခိုက်ဖို့ ပရိုဂရမ်ထည့်သွင်းနိုင်တဲ့ AI နည်းပညာသုံးဒရုန်းတွေကို ယူက ရိန်းနည်းပညာကုမ္ပဏီတစ်ခုက တီထွင်ထုတ်လုပ်လိုက်ပါတယ်။

 

အဲဒီမောင်းသူမဲ့လေယာဉ်တွေဟာ တစ်စင်းနဲ့ တစ်စင်း ဆက်သွယ်နိုင်ပြီး ပစ်မှတ်တွေကို အုပ်စုလိုက် အုပ်ဖွဲ့ပျံ သန်း တိုက်ခိုက်ရမလား/ ချဉ်းကပ်ထားရမလားဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် လျင်မြန်စွာချမှတ်နိုင်တယ် လို့ ဆိုပါတယ်။

 

ဒါပေမဲ့ IA နည်းပညာအသုံးပြုတိုက်ခိုက်မှုကို ပိုပြီးတိကျသေချာအောင် အုပ်ဖွဲ့ပျံသန်းတိုက်ခိုက်ခြင်းမပြုခင်မှာ မြေပြင်ထိန်းချုပ်ရေးစခန်းက ဒရုန်းပိုင်းလော့တွေရဲ့ အတည်ပြုချက်ကို ရယူပြီးမှ တိုက်ခိုက်နိုင်အောင် ဆောင် ရွက်ထားတယ်လို့ ဆိုပါတယ်။

 

ပစ်မှတ်တွေကို တိတိကျကျ တိုက်ခိုက်နိုင်တဲ့အပြင် ဒီခေတ်မီဒရုန်းတွေဟာ လူသားတွေ ရှာဖွေစုဆောင်းနေတဲ့ စစ်ရေးသတင်းအချက်အလက်တွေထက် ပိုမိုတိကျမြန်ဆန်တဲ့သတင်းအချက်အလက်တွေကိုလည်း ထောက်ပံ့ ပေးနိုင်ပါတယ်။ ဒီဒရုန်းတွေကို စစ်မြေပြင်မှာ တပ်ဖြန့်ချထားပြီးတာနဲ့ ရုရှားတပ်တွေကို ရင်ဆိုင်တိုက်ခိုက်ရာမှာ ယူကရိန်းနိုင်ငံ အတွက် စစ်ရေးအရ သိသိသာသာ အကျိုးအမြတ်ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

 

လူသားတွေအစား စက်ရုပ်တွေနဲ့ တိုက်ပွဲဝင်တဲ့ စစ်ဆင်ရေးပုံစံမျိုး စိတ်ကူးပြီး ဒီဒရုန်းအုပ်စုကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ယူကရိန်းဒရုန်း ကုမ္ပဏီတစ်ခုကို တည်ထောင်သူ ဆာဟီးကူ ပရင်ကိုက ပြောပါတယ်။

 

ရုရှားတွေ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မတိုင်ခင်က ယူကရိန်းနိုင်ငံမှာ စစ်ဘက်ဆိုင်ရာ နည်းပညာကုမ္ပဏီ ၂၀ ဝန်းကျင်သာရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ ယူကရိန်းကုမ္ပဏီ ၂၀၀ ကျော်ဟာ စစ်လက်နက် ပစ္စည်းတွေ အထူးသဖြင့် မောင်းသူမဲ့လေယာဉ်တွေကို အဓိကအာရုံစိုက် ထုတ်လုပ်နေကြကြောင်း မကြာသေး ခင်က The Times မီဒီယာမှာ ဖော်ပြထားပါတယ်။

 

“ရုရှားတွေက တိုက်တယ်၊ သေတယ်၊ နောက်ထပ် တပ်ဖွဲ့ဝင်တွေ ထပ်ပို့တယ်။ သူတို့ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့စစ်ပွဲကို ရှုမြင်တဲ့ပုံစံမဟုတ်ပါဘူး။” လို့ ဒစ်ဂျစ်တယ်ပြောင်းလဲရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး အဲလက်ဇ်ဘိုညာကော့ဗ်က ပြောပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ဒရုန်းစစ်ဆင်ရေးသီးသန့်ဆင်နွှဲနိုင်အောင် ကမ္ဘာပေါ်မှာ ပထမဦးဆုံးနိုင်ငံအဖြစ် သီးသန့် ဒရုန်းတပ်ဖွဲ့တစ်ဖွဲ့ကို အခုနှစ် အစောပိုင်းက စတင်ဖွဲ့စည်းခဲ့ပါတယ်။

 

Ref: Ukraine Develops Drones That Can Recognize, Shoot ‘Based on Uniforms’

 

#PeopleMedia


Share this post