ယူအက်စ်အက်စ်မက်ဆာချူးဆက် (SSN 798) ရေငုပ်သင်္ဘောသစ်တစ်စီး ရေချ
PUBLISHED - March 1, 2024
နိုင်ငံတကာ၊ မတ် ၁
HII ကုမ္ပဏီ (ဟူတင်တင်အင်ဂေါလ်စ် Huntington Ingalls Industries) က အမေရိကန်ရေတပ်အတွက်တည် ဆောက်ထားတဲ့ ဗာဂျီးနီယားအဆင့် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော ယူအက်စ်အက်စ်မက်ဆာချူး ဆက် (USS Massachusetts – SSN 798) ကို ဂျိမ်းစ်မြစ်ထဲမှာ ရေချလိုက်ကြောင်း သိရပါတယ်။
အမေရိကန်ရေတပ်ရဲ့ ၂၅ စင်းမြောက် ရေငုပ်သင်္ဘောဖြစ်တဲ့ ဒီရေငုပ်သင်္ဘောဟာ ယူအက်စ်အက်စ်မက်ဆာ ချူးဆက် နာမည်ကို ရှစ်ကြိမ်မြောက်မှည့်ခေါ်ထားတဲ့ ရေငုပ်သင်္ဘောဖြစ်ပါတယ်။
သင်္ဘောတည်ဆောက်ရေးစက်ရုံကနေ ရေပေါ်သင်္ဘောကျင်းတစ်ခုကို လွှဲပြောင်းပေးလိုက်ပြီးတောက် ယူ အက်စ်အက်စ်မက်ဆာချူးဆက် (SSN 798) ရေချပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။
အမေရိကန်ရေတပ်က ပြီးခဲတဲ့နှစ်က HII ကုမ္ပဏီရဲ့ Newport News Shipbuilding division သင်္ဘောတည် ဆောက်ရေးဌာနမှာ အဲဒီရေငုပ်သင်္ဘောကို ယူအက်စ်အက်စ်မက်ဆာချူးဆက် (SSN 798) လို့ နာမည်ပေးခဲ့ တာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့နှစ်မေလအတွင်းက ဒီရေငုပ်သင်္ဘောကို နာမည်ပေးခဲ့ပြီးနောက် အခုလို ရေချနိုင်ခဲ့တာဟာ ကျွန်တော် တို့ သင်္ဘောတည်ဆောက်ရေးအဖွဲ့အတွက် အလွန်ဂုဏ်ယူစရာကိစ္စရပ်တစ်ခုဖြစ်ပါတယ်။” လို့ ဗာဂျီးနီယား အဆင့်သင်္ဘောတည်ဆောက်ရေး ဒုတိယဥက္ကဋ္ဌ ဂျက်ဆင်ဝပ်ဒ်က ပြောပါတယ်။
အခုရေချလိုက်တဲ့ ယူအက်စ်အက်စ်မက်ဆာချူးဆက် (SSN 798) ရေငုပ်သင်္ဘောဟာ ဗာဂျီးနီယားအဆင့် ရေ ငုပ်သင်္ဘော ၁၀ စင်း တည်ဆောက်ဖို့အတွက် ၂၀၁၄ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ၁၇.၆ ဘီလျံတန်ကြေးရှိ ကန်ထရိုက် စာချုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။
ကမ်းရိုးတန်းနဲ့ ပင်လယ်ပြင်စစ်ဆင်ရေးတွေသာမက အမေရိကန်ရေတပ်ရဲ့ ပင်လယ်ရေကြောင်း လွှမ်းမိုးမှုအ တွက် တာဝန်ထမ်းဆောင်ဖို့ ဒီရေငုပ်သင်္ဘောအုပ်စုကို ဒီဇိုင်းရေးဆွဲတည်ဆောက်နေတာဖြစ်ပါတယ်။
ဗာဂျီးနီယားအဆင့်ရေငုပ်သင်္ဘောတွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက တာဝန်ထမ်းဆောင်နေတဲ့ လော့စ်အင်ဂျလိစ်အဆင့်ရေငုပ်သင်္ဘောတွေကို တဖြည်းဖြည်း အစားထိုးသွားမှာဖြစ်ပါတယ်။
လော့စ်အင်ဂျလိစ်အဆင့်ရေငုပ်သင်္ဘောတွေနဲ့စာရင် အခုထုတ်လုပ်နေတဲ့ ဗာဂျီးနီယားအဆင့်ရေငုပ်သင်္ဘော တွေဟာ ရေအောက်စစ်ကစားလှုပ်ရှားနိုင်တဲ့စွမ်းရည်၊ ကိုယ်ပျောက်စွမ်းရည်နဲ့ ပစ်ခတ်မှုအား ပိုမိုအဆင့်မြင့် တယ်လို့ ဆိုပါတယ်။ ဗာဂျီးနီယားအဆင့်ရေငုပ်သင်္ဘောဟာ အလျား ၁၁၅-၁၄၀ မီတာ (၃၇၇-၄၆၀ ပေ) ရှိပြီး အနံက ၁၀ မီတာ (၃၄ ပေ) ရှိပါတယ်။
ဒီရေငုပ်သင်္ဘောမှာ နျူကလီးယားဓာတ်ပေါင်းဖိုတစ်လုံးပါရှိပြီး အဲဒီဓာတ်ပေါင်းဖိုကနေ တာဘိုင်အင်ဂျင်နှစ်လုံး ကို ခုတ်မောင်းလည်ပတ်စေပြီး မြင်းကောင်ရေ ၂၈၀၀၀၀ အား ထုတ်လွှတ်ပေးနိုင်သလို တစ်နာရီကို ရေမိုင် ၂၅ မိုင် (၄၆ ကီလိုမီတာ/၂၉ မိုင်) ခုတ်မောင်းနိုင်တဲ့ ဒုတိယအရန်အင်ဂျင်တစ်လုံးလည်းပါရှိပါတယ်။
ဗာဂျီးနီယားအဆင့်ရေငုပ်သင်္ဘောတွေမှာ တိုမာဟော့ဒုံးကျည်တွေနဲ့ ဟာပွန်ဒုံးကျည်တွေ တပ်ဆင်ထားသလို အပေါ့စားဒုံးတွေနဲ့ တော်ပီဒိုတွေလည်း တပ်ဆင်ထားပါတယ်။
Ref: HII Completes Launch Ceremony of USS Massachusetts
#PeopleMedia