ယူအက်စ်အက်စ်သီယိုဒိုရုစဘဲ့ လေယာဉ်တင်သင်္ဘော တောင်တရုတ်ပင်လယ်တွင်း ပြန်လည်ဝင်ရောက်လာ
PUBLISHED - May 27, 2024
နိုင်ငံတကာ၊ မေ ၂၇
အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ်သီယိုဒိုရုစဘဲ့ဟာ ပုံမှန်စစ်ဆင်ရေးတာဝန်တွေထမ်းဆောင် ဖို့အတွက် တောင်တရုတ်ပင်လယ်ထဲကို မေလ ၂၆ ရက်နေ့က ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။
ယူအက်စ်အက်စ်သီယိုဒိုရုစဘဲ့ဦးဆောင်တဲ့ တိုက်ခိုက်ရေးသင်္ဘောအုပ်စုဟာ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် နိုင်ငံတို့နဲ့ စစ်ရေးလေ့ကျင့်ရင်း အခုနှစ်အစောပိုင်းကတည်းက အနောက်ပစိဖိတ်ဒေသမှာ ရောက်ရှိနေတာဖြစ်ပါ တယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ နှစ်ရက်ကြာစစ်ရေးလေ့ကျင့်မှုဆောင်ရွက်ခဲ့ကြောင်း သောကြာ နေ့ (မေလ ၂၄ ရက်နေ့) က ကြေညာခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်နိုင်ငံနဲ့ မဟာမိတ်တွေကို နောက်ထပ်ဖိအားပေးတာဖြစ်တယ်လို့ ယူဆထားကြ ပါတယ်။
မကြာခင်က တက်လာတဲ့ ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တီးရဲ့ မိန့်ခွန်းထဲမှာ တရုတ်နိုင်ငံထံက လွတ်လပ်ရေးရ အောင်ယူမယ်ဆိုပြီး ရည်ညွှန်းထားတဲ့အတွက် ပြစ်ဒဏ်ပေးတဲ့အနေနဲ့ Joint Sword-2024A လို့ အမည်ပေး ထားတဲ့ စစ်ရေးလေ့ကျင့်မှုကို တရုတ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်နိုင်ငံက မှတ်ယူထားပြီး ပြန်လည်ပေါင်း စည်းဖို့ လိုအပ်ရင် အင်အားသုံးတိုက်ခိုက်သွားမှာဖြစ်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်အစိုးရကတော့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို “တစ်ဖက်သတ် ရန်စခြင်း” အဖြစ် သတ်မှတ်ပြီး ပြစ် တင်ရှုတ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၆၂ စင်းနဲ့ တရုတ်စစ်သင်္ဘော ၂၇ စီးဟာ ထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုဆောင်ရွက်ခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့က ကြေညာပါတယ်။
အဲဒီလေယာဉ်တွေထဲက တရုတ်လေယာဉ် ၄၇ စင်းဟာ ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်သန်းပြီး ထိုင်ဝမ်ကျွန်း အနောက်တောင်၊ အရှေ့တောင်နဲ့ အရှေ့ဘက်တွေက လေကြောင်းရန်ကာကွယ်ရေးစိစစ်မှုဇုံ (ADIZ) ထဲကို ဝင်ရောက်ခဲ့ကြပါတယ်။
ထိုင်ဝမ် ADIZ ထဲကို ဝင်ရောက်လာခဲ့တဲ့ ဒီလေယာဉ်အရေအတွက်ဟာ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး တစ် ရက်တည်းမှာ အများဆုံးဝင်ရောက်လာတဲ့အရေအတွက်ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မ တော် PLA နဲ့ ထိုင်ဝမ်စစ်ရေးလေ့လာနေတဲ့ ဘန်းလီဝစ်က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ထိုင်ဝမ် ADIZ ထဲကို ဝင်ရောက်လာတဲ့ တရုတ်လေယာဉ်ဟာ ၃၇ စင်း ရှိကြောင်း ၎င်းက ပြောပါတယ်။
အမေရိကန် အမှတ် ၇ ရေတပ်အုပ်စုကွပ်ကဲမှုအောက်မှာရှိတဲ့ ယူအက်စ်အက်စ်သီယိုဒိုရုစဘဲ့ဦးဆောင်တဲ့ ရေ ယာဉ်စုဟာ တောင်တရုတ်ပင်လယ်ထဲကို ပြန်လည်ဝင်ရောက်လာပြီး အင်ဒို-ပစိဖိတ်ဒေသတွင်း လွတ်လပ်စွာ သွားလာနိုင်အောင် မဟာမိတ်နိုင်ငံများ/ မိတ်ဖက်နိုင်ငံများနဲ့အတူ ပုံမှန်စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင် နေပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Ref: US Aircraft Carrier Theodore Roosevelt Sails Back into South China Sea: The Aviationist
#PeopleMedia