• Follow Us on
Latest News

Home ယူေအအီး၊ ဘာရိန္းႏွင့္ အစၥေရးႏိုင္ငံတို႔ ဆက္ဆံေရးျပန္စ

ယူေအအီး၊ ဘာရိန္းႏွင့္ အစၥေရးႏိုင္ငံတို႔ ဆက္ဆံေရးျပန္စ

Share this post

ဝါ႐ွင္တန္၊ စက္တင္ဘာ ၁၆

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု(ယူေအအီး)၊ ဘာရိန္းႏွင့္ အစၥေရးႏိုင္ငံတို႔ၾကား သမိုင္း၀င္သေဘာတူညီမႈမ်ား႐ွိခဲ့ၿပီးေနာက္ အေ႐ွ႕အလယ္ပိုင္းေဒသသစ္တြင္ အ႐ုဏ္ဦးေရာက္လာၿပီဟု အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ဂုဏ္ျပဳသည္။

ပင္လယ္ေကြ႕အာရပ္ ၂ ႏိုင္ငံက အစၥေရးႏွင့္ ပံုမွန္ဆက္ဆံေရးအျပည့္အဝျပန္လုပ္ရန္ လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ ထရမ့္က ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။

ထိုသေဘာတူညီခ်က္မ်ားသည္ သမိုင္း၀င္ျဖစ္ရပ္မ်ားဟု ၃ ႏိုင္ငံသာမက သူတို႔ၾကားတြင္ၫွိႏႈိင္းေပးခဲ့သည့္ မစၥတာ ထရမ့္တို႔ကပါ ဂုဏ္ျပဳခဲ့ၾကသည္။

ထိုပင္လယ္ေကြ႕ ၂ ႏိုင္ငံမွာ ၁၉၄၈ ခုႏွစ္တြင္ အစၥေရးႏိုင္ငံတည္ေထာင္ခဲ့ၿပီးေနာက္ အသိအမွတ္ျပဳသည့္ တတိယႏွင့္စတုတၳေျမာက္ႏိုင္ငံမ်ားျဖစ္သည္။

အျခားအာရပ္ႏိုင္ငံမ်ားအေနျဖင့္ အစၥေရးႏွင့္ဆက္ဆံေရးျပန္စသင့္ေၾကာင္း မစၥတာ ထရမ့္က ေမွ်ာ္လင့္ေနေသာ္လည္း အစၥေရးႏွင့္နယ္ေျမအျငင္းပြားမႈ႐ွိေနသည့္ ပါလက္စတိုင္းမ်ားက ပဋိပကၡမ်ားမေျဖ႐ွင္းရေသးသျဖင့္ ျပန္မစရန္ တိုက္တြန္းေနသည္။

Ref : Trump hails ‘dawn of new Middle East’ with UAE-Bahrain-Israel deals

#PeopleMedia

(unicode)
ယူအေအီး၊ ဘာရိန်းနှင့် အစ္စရေးနိုင်ငံတို့ ဆက်ဆံရေးပြန်စ
……………………………………

ဝါရှင်တန်၊ စက်တင်ဘာ ၁၆

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ဘာရိန်းနှင့် အစ္စရေးနိုင်ငံတို့ကြား သမိုင်းဝင်သဘောတူညီမှုများရှိခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသသစ်တွင် အရုဏ်ဦးရောက်လာပြီဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဂုဏ်ပြုသည်။

ပင်လယ်ကွေ့အာရပ် ၂ နိုင်ငံက အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေးအပြည့်အဝပြန်လုပ်ရန် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထရမ့်က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

ထိုသဘောတူညီချက်များသည် သမိုင်းဝင်ဖြစ်ရပ်များဟု ၃ နိုင်ငံသာမက သူတို့ကြားတွင်ညှိနှိုင်းပေးခဲ့သည့် မစ္စတာ ထရမ့်တို့ကပါ ဂုဏ်ပြုခဲ့ကြသည်။

ထိုပင်လယ်ကွေ့ ၂ နိုင်ငံမှာ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံတည်ထောင်ခဲ့ပြီးနောက် အသိအမှတ်ပြုသည့် တတိယနှင့်စတုတ္ထမြောက်နိုင်ငံများဖြစ်သည်။

အခြားအာရပ်နိုင်ငံများအနေဖြင့် အစ္စရေးနှင့်ဆက်ဆံရေးပြန်စသင့်ကြောင်း မစ္စတာ ထရမ့်က မျှော်လင့်နေသော်လည်း အစ္စရေးနှင့်နယ်မြေအငြင်းပွားမှုရှိနေသည့် ပါလက်စတိုင်းများက ပဋိပက္ခများမဖြေရှင်းရသေးသဖြင့် ပြန်မစရန် တိုက်တွန်းနေသည်။

Ref : Trump hails ‘dawn of new Middle East’ with UAE-Bahrain-Israel deals

#PeopleMedia


Share this post