ယနေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေး ဆွေးနွေးမည်

PUBLISHED - February 2, 2021
နယူးယောက်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ယနေ့အင်္ဂါနေ့တွင် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုအပေါ် ဆွေးနွေးရန်နှင့် နိုင်ငံတကာတုံ့ပြန်မှုများပြုလုပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးပြုလုပ်ရန်စီစဉ်ထားသည်။
ယခုဖေဖော်ဝါရီလအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ်က ရလဒ်ကောင်းထွက်လာသည့်ဆွေးနွေးမှုဖြစ်ရန် မျှော်လင့်သည်ဟု ပြောသည်။
မဲဆန္ဒအရဖော်ပြခဲ့သောလူထုစိတ်သဘောကိုလေးစားခြင်းနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များကို လွှတ်ပေးခြင်းစသည့် အကြံဉာဏ်ဖြင့် ကောင်စီတွင် အစီအမံများစွာကိုကြည့်ရှုမည်ဟု ကိုယ်စားလှယ် ဘာဘရာ ဝုဒ်ဝါ့ဒ်ကသတင်းထောက်များကိုပြောသည်။
ယခုအခြေအနေများကို အဆုံးသတ်စေမည့် အစီအမံများကိုစဉ်းစားချင်ပြီး လက်ရှိအချိန်အထိ အထူးအစီအမံ တစုံတရာကိုမျှ ဆွေးနွေးထားခြင်းမရှိကြောင်းလည်း မစ္စ ဝုဒ်ဝါ့ဒ်ကပြောသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှ တပ်မတော်၏အာဏာလွှဲပြောင်းယူမှုသည် ဒီမိုကရေစီဖြစ်စဉ်ကို ဆိုးဆိုးရွားရွားထိုးနှက်မှုဖြစ်ကြောင်းပြောထားသည်။
Ref : Myanmar coup: UN Security Council to hold emergency meeting
#PeopleMedia
(unicode)
………………………………………….
Ref : Myanmar coup: UN Security Council to hold emergency meeting
#PeopleMedia