• Follow Us on

Home ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ (၉) မိုင် Ocean Super Center အနီး၌ ဗုံးပေါက်၊ လူထိခိုက်မှု လုံးဝမရှိခဲ့

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ (၉) မိုင် Ocean Super Center အနီး၌ ဗုံးပေါက်၊ လူထိခိုက်မှု လုံးဝမရှိခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းပေါ်ရှိ ၉ မိုင် Ocean အနီးတွင် ယနေ့ နံနက် ၈ နာရီ ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွား‌ခဲ့ပြီး လူထိခိုက်မှု လုံးဝမရှိခဲ့ကြောင်း အဆိုပါနေရာအနီး၌ နေထိုင်သူများထံက သိရသည်။

 

ပေါက်ကွဲသည့် ဗုံးမှာ အဝေးထိန်းစနစ်ဖြင့် ချိတ်ဆက်ထားသည့်ဗုံးဖြစ်ပြီး အဆိုပါအနီး၌ မပေါက်ကွဲသေးသည့် နောက်ထပ်ဗုံးတစ်လုံးလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာ ၁၄ ရက်နေ့၌ လှိုင်သာယာမြို့နယ်၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

 

ရန်ကုန်မြို့၌ စက်တင်ဘာ ၇ ရက်နေ့ နောက်ပိုင်း၌ ဗုံးပေါက်ကွဲမှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia #ဗုံးကွဲမှု

 

(unicode)


………………………………………………………………………

 


 


 


 


 


 



Share this post