• Follow Us on
Latest News

Home ရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေးကြေညာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ်ပြော

ရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေးကြေညာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ်ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၃၁

 

ကနဦးရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် မူကြမ်းရရှိထားကြောင်း အစ္စရေးရုပ်သံဌာနက ကြေညာထားသလို ရက်ပိုင်းအတွင်း အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ခု ကြေညာနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

 

ရက်ပေါင်း ၆၀ ထဲက ပထမသီတင်းပတ်အတွင်း အစ္စရေးတပ်တွေ ပြန်လည်ဆုတ်ခွာသွားမယ်ဆိုတဲ့ သတင်း တွေလည်း သတင်းပေါက်ကြားမှုကတစ်ဆင့် ထွက်ပေါ်နေပါတယ်။

 

နိုဝင်ဘာ ၅ ရက်နေ့ အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် အပစ်အခတ်ရပ်စဲရေးသဘောတူညီလိမ့်မယ်လို့ မျှော် လင့်မထားကြောင်း လက်ဘနွန်ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် နာဂျစ်မီကာတီက ပြောပါတယ်။

 

ဒါပေမဲ့ ကြာသပတေးနေ့မှာ အစ္စရေးကို သွားရောက်မယ့် အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် အေမို့စ်ဟိုချက်စ်တိမ်းနဲ့ ဗုဒ္ဓဟူးနေ့က စကားပြောပြီးနောက် ပိုပြီးတော့ အကောင်းမြင်လာတယ်လို့ နာဂျစ်မီကာ တီက ပြောပါတယ်။

 

“ဟိုချက်စ်တိမ်းနဲ့ ဖုန်းပြောနေစဉ် သူ ကျွန်တော့်ကိုပြောပါတယ်။ လမကုန်ခင်၊ နိုဝင်ဘာလ ၅ ရက်နေ့မတိုင်ခင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိပါလိမ့်မယ်လို့ သူပြောပါတယ်။” လို့ မီကာတီက လက်ဘနွန်ရုပ်သံ Al Jadeed ကို ပြောပါတယ်။

 

“ကျွန်တော်တို့ တတ်နိုင်သမျှအားလုံး ဆောင်ရွက်နေပါတယ်။ လာမယ့် နာရီပိုင်းအတွင်း ဒါမှမဟုတ် ရက်ပိုင်း အတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိလာလိမ့်မယ်ဆိုတဲ့ အကောင်းမြင်စိတ်နဲ့ မျှော်လင့်ချက် ကျွန်တော်တို့မှာ ရှိနေဆဲပါ။” လို့ ၎င်းက ပြောပါတယ်။

 

အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တဲ့ ပါလက်စတိုင်းဟားမတ်စ် ဂါဇာစစ် ပွဲနဲ့ အပြိုင် အပြန်အလှန်တိုက်ခိုက်နေကြတာဖြစ်းပါတယ်။

 

လက်ဘနွန်စစ်ပွဲဟာ ပြီးခဲ့တဲ့ တစ်လကျော်အတွင်း ပိုမိုပြင်းထန်လာပြီး စစ်ပွဲဖြစ်ပွားခဲ့တဲ့ တစ်နှစ်အတွင်း သေ ဆုံးသူ ၂၈၀၀ ရှိသွားပြီဖြစ်ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး ဟစ်ဘိုလာအဖွဲ့က ပြန်လည်ပြောကြားခြင်းမရှိပါဘူး။ လက်ဘနွန်နိုင်ငံထဲက ဟစ်ဘိုလာအဖွဲ့ကိုတော့ အစ္စရေးတပ်တွေက ဗုဒ္ဓဟူးနေ့က ဆက်လက် အရှိန်မြှင့်တိုက် ခိုက်လျက်ရှိရာ လက်ဘနွန်နိုင်ငံ Baalbek မြို့အရှေ့ဘက်ဒေသနဲ့ အနီးတစ်ဝိုက်က ကျေးရွာတွေကို လေ ကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

 

Ref: Lebanon, Israel could agree to ceasefire within days, Lebanese Prime Minister says

 

#PeopleMedia


Share this post