ရက်ပေါင်းများစွာခုခံတိုက်ခိုက်ပြီးနောက် မြန်မာတပ်ဖွဲ့ဝင်များ ထိုင်းနယ်စပ်အနီးသို့ ဆုတ်ခွာလာ

PUBLISHED - April 11, 2024
နိုင်ငံတကာ၊ ဧပြီ ၁၁
မြန်မာ့တပ်မတော်က တပ်ဖွဲ့ဝင်အင်အား ၂၀၀ ဝန်းကျင်ဟာ နစက အစိုးရကို ပုန်ကန်နေတဲ့ သူပုန်အဖွဲ့တွေနဲ့ ရက်ပေါင်းများစွာ တိုက်ပွဲဖြစ်ပွားပြီးနောက် မြဝတီမြို့ ထိုင်း-မြန်မာ နယ်စပ်တံတားနားကို ဆုတ်ခွာသွားကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုက ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးနဲ့ ဒေသတွင်းမီဒီယာတွေက ပြောပါတယ်။
မြန်မာ့တပ်မတော်ကဦးဆောင်တဲ့ နစက အစိုးရဟာ နိုင်ငံတစ်ဝန်းစစ်မျက်နှာလေးငါးခုမှာ တိုက်ပွဲဝင်နေရပြီး စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ ကပ်နေတဲ့ မြဝတီမြို့ကနေ အခုလို မြန်မာတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာလာတာဟာ မြန်မာ နိုင်ငံကအလယ်ပိုင်းက ကားလမ်းတွေကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ နောက်ထပ် အဓိကကုန်သွယ်ရေးစခန်း တစ်ခုကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိကြောင်း အချက်ပြလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့ (ဧပြီ ၁၁ ရက်နေ့) မှာ ထွက်ပြေးလာတဲ့ မြန်မာတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင် ထိုင်းနိုင်ငံထဲကိုဝင် တဲ့ နယ်စပ်ဂိတ်အနီးမှာ စုရုံးနေကြောင်း မြဝတီကို ဦးဆောင်တိုက်ခိုက်နေတဲ့ နစက ဆန့်ကျင်ရေးအုပ်စုထဲက ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောထော်နီးက ပြောပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေကို ဒုက္ခသည်တွေအဖြစ် ဝင်ရောက်ခွင့်ပြုဖို့ ဆုံးဖြတ်ရမယ့်ကိစ္စအတွက် ထိုင်းအာဏာပိုင်တွေ က အဲဒီစစ်သည်တွေနဲ့ ဆွေးနွေးနေတယ်လို့ ဒေသတွင်းသတင်းတွေက ပြောပါတယ်။
မြန်မာ နစက အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မှတ်ချက်ပြု ပြောကြားခြင်းမရှိပါဘူး။
KNU ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေက မြဝတီအနီးက တပ်မတော်စခန်းတစ်ခုကို တိုက်ခိုက်ရာမှာ မြန်မာ တပ်ဖွဲ့ဝင် ၆၀၀ ဝန်းကျင်နဲ့ မိသားစုဝင်တွေ လက်နက်ချခဲ့ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က KNU အဖွ့ဲက ပြောပါ တယ်။
ထိုင်းတပ်မတော်ကတော့ နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးတိုးမြှင့်ထားပြီး စက်သေနတ်တပ်ယာဉ်တွေနဲ့ ကင်းလှည့်နေပါတယ်။
မြန်မာ့တပ်မတော်နဲ့ သူပုန်တွေကြားဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဒေသခံလူဦးရေ ၂၀၀၀ ဝန်းကျင် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးထောက်ပံ့မှုကွန် ရက် (Karen Peace Support Network) က ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ မြန်မာ နစက အစိုးရဟာ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံမှုပေါင်းစုံနဲ့ ရင်ဆိုင်တွေ့ကြုံနေရပါတယ်။
Ref: Myanmar troops retreat to Thai border after days of fighting
#PeopleMedia