• Follow Us on

Home ရခိုင့်လက်နက်ကိုင်အဖွဲ့ AA နှင့် ချင်းလက်နက်ကိုင်အဖွဲ့ CNF တို့ ရိက္ခာဖြန့်ဝေရာ ဆောမြို့နယ် ကံချောင်းကျေးရွာကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

ရခိုင့်လက်နက်ကိုင်အဖွဲ့ AA နှင့် ချင်းလက်နက်ကိုင်အဖွဲ့ CNF တို့ ရိက္ခာဖြန့်ဝေရာ ဆောမြို့နယ် ကံချောင်းကျေးရွာကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃၁

 

ရခိုင့်လက်နက်ကိုင်အဖွဲ့ AA နှင့် ချင်းလက်နက်ကိုင်အဖွဲ့ CNF တို့ ရိက္ခာဖြန့်ဝေရာ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကံချောင်းကျေးရွာကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းလိုက်ကြောင်း သိရသည်။

 

အောက်တိုဘာလ (၃၀)ရက် ည (၁၂)နာရီက မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကံချောင်းကျေးရွာကို တပ်မတော်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးသီး (၂)လုံးချကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် ရခိုင့်လက်နက်ကိုင်အဖွဲ့ AA နှင့် ချင်းလက်နက်ကိုင်အဖွဲ့ CNF တို့ ရိက္ခာဖြန့်ဝေရာ အဆောက်အအုံ (၅)လုံးခန့် ထိခိုက် ပျက်ဆီးခဲ့ပြီး ထောက်ပို့အဖွဲ့ဝင် အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ရခိုင့်လက်နက်ကိုင်အဖွဲ့ AA နှင့် ချင်းလက်နက်ကိုင်အဖွဲ့ CNF တို့အနေဖြင့် မကွေးတိုင်းဒေသကြီး ချောက်မြို့မှ ရိက္ခာများကို ကြားခံဖြင့် ဝယ်ယူကာ ဆောမြို့နယ်မှ တဆင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ဘက်သို့ သယ်ဆောင်နေခြင်းဖြစ်သည်။

 

Photo – ယောအလင်းတန်း

 

#PeopleMedia


Share this post