ရခိုင်ပြည်နယ်၊ ဂွမြို့ရှိ လောဘသုခစေတီ၏ ဌာပနာ ဖောက်ထွင်း ခိုးယူခံရ

PUBLISHED - December 13, 2021
ရခိုင်၊ ဒီဇင်ဘာ ၁၃ (People Media)
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ လောဘသုခအမည်ရှိ စေတီတော်၏ ဌာပနာသည် ဒီဇင်ဘာ ၁၁ ရက်နေ့က ဖောက်ထွင်းခိုးယူခံရကြောင်း ဒေသခံများထံက သိရပါတယ်။
အဆိုပါ စေတီတော်သည် ချင်းကုန်းကျေးရွာအနီးတွင် တည်ထားကိုးကွယ်သည့်စေတီဖြစ်ပြီး နှစ်ပေါင်း ရာချီသက်တမ်းရှိသည့် သမိုင်းဝင်စေတီတော်တစ်ဆုဖြစ်ကြောင်း သိရပါတယ်။
“ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း ဂွမြို့က ဘုရားတချို့မှာ ကပ်လှူပူဇော်ထားတဲ့ ဘုရားမီးဆိုင်းတွေ၊ မီးကြိုးတွေ ဖြုတ်ပြီးတော့ အခိုးခံရတာရှိတယ်။ အခုက ဘုရားဌာပနာကိုပါ ဖောက်ထွင်းခံရလာကြတာ အတော်ငရဲကြီးမယ့် ကိစ္စပါ” ဟု ဒေသခံတစ်ဦးကပြောပါတယ်။
ယခင်က ဘုရားဌာပနာဖောက်ထွင်းမှုဖြစ်စဉ်များသည် နည်းပါးခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ကရင် ပြည်နယ်ရှိ စေတီတော်တစ်ခုတွင် ဘုရားဌာပနာ အဖောက်ခံရပြီး ထပ်မံဖြစ်ပွားသည့် ဘုရားဌာပနာ ခိုးယူခံရ မှုဖြစ်စဉ်လည်း ဖြစ်သည်။
Photo – Credit
#PeopleMedia #ဂွမြို့
(unicode)
……………………………………………………
Photo – Credit