• Follow Us on

Home ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လဝကဝန်ကြီးနှင့် UNHCR တို့ဆွေးနွေး

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လဝကဝန်ကြီးနှင့် UNHCR တို့ဆွေးနွေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၀

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNDP – UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရန် MoU ပါ အချက်အလက်၊ အသုံးအနှုန်းများ ပြင်ဆင်၊ အတည်ပြုဆောင်ရွက်နိုင်ရေး၊ MoU တွင် ထည့်သွင်းဖော်ပြမည့် စကားလုံး အသုံးအနှုန်းများနှင့် ပတ် သက်၍ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှု အပေါ် ပြန်လည်ပြင်ဆင် ပြုစုနိုင်ရေး၊ MoU ချုပ်ဆိုရန် ဆောင်ရွက်နေစဉ် ကာလအတွင်း UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာနှင့် နေခွင့်သက်တမ်းတိုးမြှင့်နိုင် ရေးအတွက် ဆောင်ရွက်ပေးမှု အခြေအနေများ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်နိုင် ရေးနှင့်ပတ်သက်သည့် လုပ်ငန်းများထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ရိုးရှင်းသည့် MoU တစ်ရပ်ဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သင့်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို UNHCR အနေဖြင့် သိရှိနားလည်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post