• Follow Us on

Home ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်စုဆောင်းနေသည်ဟူသော သတင်း များ လုံးဝမှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြော

ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများအား ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်စုဆောင်းနေသည်ဟူသော သတင်း များ လုံးဝမှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြော

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

ရခိုင်ပြည်နယ်တွင်ရှိသော ဘင်္ဂလီများအား စစ်မှုထမ်းရန် SACက စာရင်းကောက်ယူနေသည်ဆိုသော သတင်း မှာ လုံးဝမှန်ကန်မှုမရှိဘဲ လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

 

ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်သည့် The Business Standard ၏ ဝက်ဘ်ဆိုက်သတင်းတစ်ခုတွင် မြန်မာ အစိုးရက ဒုက္ခသည်စခန်းများရှိ အကန့်အသတ်ခံထားရသည့် ဘင်္ဂလီများကို လွတ်လပ်စွာသွားလာခွင့်ပေး မည်ဟု ကမ်းလှမ်းပြီး စစ်မှုထမ်းစေရန်လုပ်ဆောင်နေသည်ဟု သတင်းရေးသားထား ခြင်းဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်သတင်းဌာနအချို့က တရားမဝင်မြန်မာမီဒီယာအချို့၏ ရေးသားချက်ကိုကိုးကား၍ ရေးသား နေကြခြင်းဖြစ်ကြောင်းနှင့် RFA ၏ အခြေအမြစ်မရှိသော သတင်းကို ကိုးကားရေးသားခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

“အဲဒီလိုမျိုး မရှိပါဘူး။ ဘင်္ဂလီတွေက နိုင်ငံသားလည်းမဟုတ်ဘူးလေ။ ပြီးတော့ စစ်မှုထမ်းဥပဒေကလည်း အခုအချိန်ထိတိုင်းဒေသကြီး၊ ပြည်နယ်၊ ဦးစီးအဖွဲ့တွေပဲ ဖွဲ့ရသေးတယ်။ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးစတဲ့ အဖွဲ့တွေအများကြီး ဖွဲ့ရအုံးမှာ။ နည်းဥပဒေလည်း ထုတ်ပြန်ရအုံးမှာ။ အဲဒါတွေ လုပ်ရအုံးမှာဆိုတော့ အခုထွက်နေတဲ့ သတင်းတွေက မဟုတ်ပါဘူး။ ဒီမှာတော့ အဲဒီလိုတွေမရှိဘူး” ဟု ၎င်းကပြောသည်။

 

ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူး သတင်းဌာနက နယ်စပ်ဒေသရှိ ထောင်နှင့်ချီသော ဘင်္ဂလီဒုက္ခ သည်များအား လက်ရှိဖြစ်ပွားနေသော တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ရန် ခေါ်ဆောင်သွားသည်ဟု အတည်မပြုနိုင် သေးသောသတင်းများ ထွက်ပေါ်နေကြောင်းလည်း မဟုတ်မမှန်ရေးသား ဖော်ပြထားသည်။

 

#PeopleMedia


Share this post