• Follow Us on
Latest News

Home ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာ

ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၅

 

ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဒုတိယအကြိမ်ကြေညာလိုက်သည်။

 

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ကြေညာ ခဲ့သည်။

 

အဆိုပါ မြို့နယ်များကို ပုံမှန်အနေအထားသို့ အပြည့်အဝပြန်လည်ရောက်ရှိလာစေရန် နိုင်ငံတော်အစိုးရ၏ ဦး ဆောင်မှုဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလဖြစ်ပါသဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းဥပဒေ ပုဒ်မ ၂၆ အရ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာလိုက်သည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်ရန်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post