• Follow Us on

Home ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း နှလုံးရောဂါဖြင့် ကွယ်လွန်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း နှလုံးရောဂါဖြင့် ကွယ်လွန်

Share this post

နေပြည်တော်၊ မတ် ၂၅

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းသည် မတ် ၂၄ ရက် နံနက်ပိုင်းတွင် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရသည်။

 

ဦးသန်းထွန်းသည် ယမန်နေ့ နံနက်ပိုင်းက လမ်းလျှောက်ပြီး နေအိမ်သို့ ပြန်အရောက်တွင် နှလုံးရောဂါ ခံစား လာရသဖြင့် စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့သော်လည်း ကွယ်လွန်ခဲ့ကြောင်း သိရသည်။

 

ကွယ်လွန်သူ ဦးသန်းထွန်းသည် ပြီးခဲ့သည့်နှစ်များ အတွင်းကလည်း ခရီးတစ်ခုသွားရောက်စဉ် နှလုံးရောဂါ ခံစားရသဖြင့် စစ်တွေဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

 

ဦးသန်းထွန်းသည် ယခင်က လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ၎င်းကွယ်လွန်ချိန် တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post