• Follow Us on

Home ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်သမားများကတစ်ကျော့ပြန်၍ အဖျက်အမှောက်လုပ်ငန်းများကိုပြန်လည်လုပ် ဆောင်နေသဖြင့် ပြည်သူတို့၏ ဘဝအိုးအိမ်စည်းစိမ်နှင့် တည်ငြိမ်အေးချမ်းရေးကိုဖျက်ဆီးမှုများဖြစ်ပေါ်ခဲ့ရ ကြောင်း ဒုတပ်ချုပ်ပြောကြား

ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်သမားများကတစ်ကျော့ပြန်၍ အဖျက်အမှောက်လုပ်ငန်းများကိုပြန်လည်လုပ် ဆောင်နေသဖြင့် ပြည်သူတို့၏ ဘဝအိုးအိမ်စည်းစိမ်နှင့် တည်ငြိမ်အေးချမ်းရေးကိုဖျက်ဆီးမှုများဖြစ်ပေါ်ခဲ့ရ ကြောင်း ဒုတပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

 

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သမားများက တစ်ကျော့ပြန်၍ အဖျက်အမှောက်လုပ်ငန်းများကို ပြန်လည် လုပ်ဆောင်နေသဖြင့် ရခိုင်ပြည်သူတို့၏ ဘဝအိုးအိမ်စည်းစိမ်နှင့် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးမှုများဖြစ် ပေါ်ခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

ဒီဇင်ဘာလ ၂၄ရက်နေ့က ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပသည့် တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေ စောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားတွင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခေတ်မီစွမ်းအားကြီးမားပြီး အသွားထက်သည့် စစ်ရေယာဉ်ကြီး များကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ယခုရရှိခဲ့သည့် အတွေ့အကြုံနှင့် ကျွမ်းကျင် သည့် တည်ဆောက်ရေးစွမ်းရည်များကို ဆက်လက်အသုံးချပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် လွန်းကျင်းကြီး များနှင့် ရေယာဉ်တည်ဆောက်နိုင်မှု စွမ်းရည်တွေပေါင်းစပ် တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ စွမ်းအားကြီး မားသည့် စစ်ရေယာဉ်ကြီးများအပြင် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများနှင့် ဆီတင်ရေယာဉ်ကြီးများကို လည်း တည်ဆောက်ပေးနိုင်ခြင်းဖြင့် ရေတပ်စွမ်းအား(Naval Power) ရရှိ ရန် တစ်ခုတည်းသာမကဘဲ နိုင်ငံ၏ ရေကြောင်းစွမ်းအား(National Maritime Power) ကိုပါ တိုးတက်မြှင့်တင်နိုင်မည်ပင်ဖြစ်ကြောင်း ပြောသည်။

 

ယခုနှစ် မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ်အတွင်း အလွန့်အလွန် အားကောင်း သည့် မိုခါမုန်တိုင်း စစ်တွေမှ တစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖြတ်ကျော်ပြီး နောက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် စား သောက်ကုန်ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ချက်ချင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းပြီးဆုံးပြီး နောက် ပြန်လည်ထူထောင်ရေးကာလတွင်လည်း ရန်ကုန်-စစ်တွေနှင့် ရခိုင်ပြည်နယ်အတွင်းသို့ စုစုပေါင်းကုန် ပစ္စည်း တန် ၉,၀၀၀ ကျော်အား စစ်ရေယာဉ် ၄၉ စီးဖြင့် ပို့ဆောင်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းသည် လူသားချင်းစာနာ ထောက်ထား မှုအကူအညီပေးရေးလုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်က ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးကာလများတွင် နိုင်ငံ့ဘဏ္ဍာငွေ အများစုကို အသုံးပြုပြီး ဘယ်သူ တရားပျက်ပျက်ကိုယ်မပျက်နဲ့ ဆိုသည့် စိတ်ကောင်းစေတနာဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုဆိုလျှင် ၉၉ ရာ ခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့သော အချိန်တွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သမားများက တစ်ကျော့ပြန်၍ အဖျက်အမှောက်လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နေသဖြင့် ရခိုင်ပြည်သူတို့၏ ဘဝအိုး အိမ်စည်းစိမ်နှင့် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးမှုများဖြစ်ပေါ်ခဲ့ရေကြာင်း ပြောသည်။

 

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေတွင်လည်း တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် မထိခိုက်စေရေးတို့အတွက် တပ်မတော်(ကြည်း)၊ တပ်မတော်(လေ) တို့နှင့်အတူ သောင်းကျန်းသူ အမြစ်ဖြတ် ချေမှုန်းရေးကို ဆောင်ရွက်နေကြသည်ကို ဂုဏ်ယူပါကြောင်းဖြင့် ပြောကြားလိုကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပင်လယ်ပြင်သည် နိုင်ငံတော်၏ အနာဂတ်အကျိုးစီးပွားကို ပုံဖော်နေသည့် အတွက် ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ရေးသည် တပ်မတော်(ရေ)၏ အဓိက တာဝန်ဖြစ်ကြောင်း၊  ခေတ်အဆက်ဆက် မြန်မာ့ပင်လယ်ပြင်ရေကြောင်းလုံခြုံရေး အတွက် အဓိကအခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ရေ)သည် ယခုအခါ (၇၆) နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ သမိုင်းကြောင်းတစ်လျှောက် တပ်မတော်(ရေ)တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မ တော်(ရေ)၏ ပဲ့ကိုင်ရှင်များ၊ လက်တွဲဆောင်ရွက်ခဲ့ကြသော စစ်သည်တော်များ၏ ကြိုးပမ်းတည်ဆောက်ခဲ့မှု အစဉ်အလာကောင်းများကြောင့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ပြည်သူက အားကိုးရသော စွမ်းအားနှင့် စွမ်းရည်ပြည့်ဝသည့် ရေတပ်တစ်ခုအဖြစ်သို့ တက်လှမ်းနေပြီဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post