ရခိုင်ပြည်နယ်အတွင်း ခြေမြန်တပ်ရင်းနှစ်ရင်းကို AA အဖွဲ့ ထပ်မံသိမ်းပိုက်ခဲ့
PUBLISHED - February 9, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၉
ရခိုင့်တပ်တော်ခေါ် AA သူပုန်အဖွဲ့ဟာ ရခိုင်ပြည်နယ်က မြန်မာ့တပ်မတော်တပ်ရင်း ၂ ရင်းကို ထပ်မံသိမ်းပိုက် လိုက်နိုင်တဲ့အတွက် မင်းပြားမြို့နယ်ကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပြီး ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ကို ခြိမ်း ခြောက်နိုင်တဲ့အနေအထားကို ရောက်ရှိသွားပြီဖြစ်ကြောင်း သူပုန်မဟာမိတ်အဖွဲ့နဲ့ ဒေသတွင်း သတင်းရင်းမြစ် တွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ခမရ ၃၈၀ ကို သိမ်းပိုက်ခဲ့ပြီးနောက် အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၆ ရက်နေ့) မှာ မင်း ပြားမြို့နယ်ထဲက ကျန်ရှိနေတဲ့ ခမရ ၃၇၉ နဲ့ ခမရ ၅၄၁ ကို AA သူပုန်အဖွဲ့က သိမ်းပိုက်ခဲ့ကြောင်း AA အဖွဲ့ဝင် အဖြစ်ပါဝင်တဲ့ မဟာမိတ်ညီနောင်သုံးဖွဲ့ခေါ် သူပုန်မဟာမိတ်အဖွဲ့က ပြောပါတယ်။
“အစိုးရစစ်သားအားလုံး AA အဖွဲ့ဆီမှာ လက်နက်ချသွားပါတယ်။” လို့ လုံခြုံရေးအတွက် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
AA သူပုန်အဖွဲ့ထံ ဘယ်နှဦး လက်နက်ချသွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ မြန်မာ့တပ်မတော် တိုက်ခိုက်ရေးတပ်ရင်းတစ်ရင်းမှာ အင်အား ၂၀၀ ဝန်းကျင်ရှိကြောင်း စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
“အခုသိမ်းပိုက်မှုဟာ AA အဖွဲ့က လက်ရှိအချိန်မှာ မင်းပြားမြို့ကို ထိန်းချုပ်လိုက်နိုင်ပြီဆိုတဲ့သဘောပါပဲ။ ပြည် သူတွေကတော့ တပ်မတော်က လေကြောင်းကနေ တိုက်ခိုက်လာမှာကို စိုးရိမ်နေကြတယ်။ ဒါ့ကြောင့် သူတို့ တွေ အပြင်မထွက်ရဲကြဘူး။” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
အခုလို ခြေမြန်တပ်ရင်း ၂ ရင်းကို သိမ်းပိုက်မှုဟာ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက စစ်ဆင်ရေးစတင်ခဲ့တဲ့ မဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ အောင်မြင်မှုတွေထဲက နောက် ဆုံးအောင်မြင်မှုဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာ AA သူပုန်အဖွဲ့ဟာ ဇန်နဝါရီလအတွင်း တပ်မတော်စခန်း လေးငါးခုကို တိုက်ခိုက်စဉ် လက်နက်ခဲယမ်းတွေအများအပြား သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အကုန်လောက်က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို AA သူပုန်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နို်င်ငံထဲကို ထွက်ပြေး ခိုလှုံခဲ့ရပါတယ်။
ကြာသပတေးနေ့အထိ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃၃၀ ရှိသွားပြီဖြစ်ပြီး မြန်မာအစိုးရပြန်ခေါ်မှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့က ကျောက်တော်မြို့နယ်ရှိ တပ်မတော်စခန်းနှစ်ခုကို AA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ အစိုးရတပ်ဖွဲ့ဝင် ၃၀၀ နီးပါး AA သူပုန်အဖွဲ့ထံ လက်နက်ချခဲ့ပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ AA အဖွဲ့ဟာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့နဲ့ ၁၆ မိုင်သာဝေးတဲ့ ပေါက် တောမြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း မဟာမိတ်အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း AA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသနဲ့ ၁၁ မိုင်ဝန်းကျင်ဝေးကွာတဲ့ ချင်းပြည် နယ်အနောက်ပိုင်းရှိ ပလက်ဝဒေသကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
AA သူပုန်အဖွဲ့ဟာ ကျောက်တော်မြို့ရှိ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉) လက်အောက်ရှိ တပ်ရင်း ၂ ရင်းကလွဲလို့ ကျန်တဲ့တပ်ရင်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကြေညာပါတယ်။
သိမ်းပိုက်ခဲ့တဲ့တပ်ရင်းတွေကတော့ မင်းပြားမြို့ရှိ ခမရ ၃၇၉၊ ခမရ ၃၈၀၊ ခမရ ၅၄၁ ၊ ကျောက်တော်မြို့ရှိ ခမရ ၃၇၄၊ ခမရ ၃၇၆၊ ခမရ ၅၃၉၊ မြောက်ဦးမြို့နယ်ရှိ ခမရ ၃၇၈ နဲ့ ခမရ ၅၄၀ တို့ဖြစ်ပြီး နောက်ဆုံးတပ်ရင်းနှစ်ရင်း ကတော့ အင်္ဂါနေ့မနက်ပိုင်းက သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
AA အဖွဲ့ဟာ ကျောက်တော်မြို့မှာရှိတဲ့ အမှတ် ၃၇၇ အမြောက်တပ်ကိုလည်း သိမ်းပို်က်နိုင်ခဲ့ကြောင်း၊ AA အဖွဲ့ မသိမ်းပိုက်နိုင်သေးတဲ့ စကခ ၉ လက်အောက်ခံတပ်ရင်းနှစ်ရင်းကတော့ မြောက်ဦးမှာရှိတဲ့ ခမရ ၃၇၇ နဲ့ ကျောက်တော်မှာရှိတဲ့ ခမရ ၃၇၅ ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ စကခ ၉ ဟာ ရခိုင်ပြည်နယ်ထဲမှာ တပ်စွဲထားတဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သုံးခုထဲက တစ်ခုဖြစ်ပြီး တခြားဌာနချုပ်နှစ်ခုကတော့ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ် မြို့နယ်မှာရှိတဲ့ စကခ ၅ နဲ့ မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ စကခ ၁၅ တို့ဖြစ်ပါတယ်။
AA သူပုန်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲက စကခ ၅ နဲ့ စကခ ၁၅ လက်အောက်ခံတပ်ရင်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်ဖို့အတွက် စကခ ၉ ကို အရင်ထိန်းချုပ်နိုင်အောင် အဓိကရည်မှန်းချက်ထားပြီး တိုက်ခိုက်နေတာ ဖြစ်ကြောင်း ရခိုင်အခြေစိုက်စစ်ရေးလေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။
“တကယ်လို့ AA အဖွဲ့က ကျောက်တော်က စကခကို ထိန်းချုပ်နိုင်ပြီဆိုရင် ရခိုင်ပြည်နယ်အလယ်ပိုင်းတစ်ခုလုံး ကို ထိန်းချုပ်နိုင်မှာဖြစ်တယ်။ သူတို့အဖွဲ့အနေနဲ့ တခြားနယ်မြေတွေကို မဟာဗျူဟာမြောက် ဆက်လက်ထိုးစစ် ဆင်တိုက်ခိုက်ဖို့ အဲဒီနေရာက အရေးကြီးပါတယ်။” လို့ ၎င်းက ပြောပါတယ်။
တပ်မတော်အနေနဲ့ ကြည်း၊ ရေ၊ လေ စစ်အင်အားအကုန်လုံးကို အသုံးပြုနေပေမဲ့ စစ်စခန်းတွေ၊ မြို့ရွာတွေကို လက်လွှတ်ဆုံးရှုံးနေတာဟာ AA သူပုန်အဖွဲ့ရဲ့ ထိုးစစ်တွေကို ဆက်လက်ဟန့်တားနိုင်စွမ်းမရှိတော့ကြောင်း ပြသနေတာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
AA အဖွဲ့က မြောက်ဦးနဲ့ ကျောက်တော် နှစ်မြို့နယ်စလုံးကို ထိန်းချုပ်နိုင်ပြီဆိုရင် စစ်တွေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းြမို့ကို ဆက်လက်တိုက်ခိုက်လာနိုင်ဖွယ်ရှိတယ်လု့ိလည်း ၎င်းက ပြောပါတယ်။
“တပ်မတော်အနေနဲ့ အဲဒီမြို့တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဆိုရင် နောက်တစ်ဆင့်တိုက်ပွဲတွေက စစ်တွေနဲ့ အမ်းမြို့တွေမှာ ဖြစ်ပွားလာမှာဖြစ်ပါတယ်။ ပြီးရင် အဲဒီကတစ်ဆင့် ဘူးသီးတောင်နဲ့ ရသေ့တောင်ဘက်အထိ ဆက်လက်ပျံ့နှံ့သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
AA အဖွဲ့အနေနဲ့ ၎င်းတို့သိမ်းပိုက်ထားတဲ့ တပ်မတော်တပ်ရင်းတွေ၊ တိုက်ပွဲအတွင်း အကျအဆုံးစာရင်းတွေနဲ့ တပ်မတော်က လက်နက်ချခဲ့တဲ့တပ်ဖွဲ့ဝင်စာရင်းတွေကို ဒီကနေ့အချိန်အထိ ထုတ်ပြန်ကြေညာခြင်းမရှိသေး ပါဘူး။
RFA က နစက ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခတို့ကို ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
AA အဖွဲ့က အပစ်အခတ်ရပ်စဲမှု ချိုးဖောက်ပြီး ရခိုင်ပြည်နယ်ထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ သုံးလအတွင်း အရပ်သား ၁၁၀ ကျော်သေဆုံးခဲ့ပြီး ၂၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း RFA က စုဆောင်းရရှိတဲ့သတင်း အချက်အလက်တွေအရ သိရပါတယ်။
Ref: Arakan Army captures two junta battalions in Rakhine state
#PeopleMedia