“ရခိုင်ဒေသမှာသံယံဇာတ၊ ပင်လယ်၊သဘာဝ ဓါတ်ငွေ့ကိစ္စတွေရှိတယ်။ တစ်ဘက်မှာ ဆင်းရဲနေတဲ့ပြသနာရှိတယ်။ နိုင်ငံရေးအရဆိုရင်လည်း ပြောရေးဆိုခွင့်မရှိဘူးဆိုတဲ့ ခံစားချက်တွေရှိတယ်။အထူးသဖြင့် ရခိုင်လူငယ်တွေ လက်နက်ကိုင်တဲ့လမ်းကြောင်း ဘက်ကို ရွေ့သွားတဲ့ သဘောရှိတယ်။ အဲ့ဒီတော့လက်နက်ကိုင်တော်လှန်ရေးတွေဖြစ် လာတယ်။ ပိုပြီးတိုက်ပွဲတွေပြင်းထန်လာတယ်” ဦးအောင်သူငြိမ်း (ISP -Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေးဒါရိုက်တာ
PUBLISHED - March 30, 2019
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွားနေပါတယ်။ ဒီလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတာ ဘယ်သူ့ကြောင့်လဲ။ တိုက်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုကို ဘယ်သူ တွေက တာဝန်ယူရမှာလဲ စတဲ့ အကြောင်းအရာတွေကို သိရှိနိုင်ဖို့အတွက် ISP -Myanmar ရဲ့ ပြင်ပဆက်ဆံ ဆက် သွယ်ရေးဒါရိုက်တာ ဦးအောင်သူငြိမ်းကို လူထုမီဒီယာက ဆက်သွယ်မေးမြန်းထား ပါတယ်။
Institute for Strategy and Policy- Myanmar(ISP -Myanmar)အဖွဲ့က သုတေသန လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး သုတေသနတွေ့ရှိချက်များကို ပုံနှိပ်ထုတ်ဝေခြင်း၊ ပြည်သူလူထုကြား ပိုမိုပျံ့နှံ့စွာ ရောက်ရှိစေရန် စကားဝိုင်းဆွေးနွေးပွဲများ ပြုလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
https://www.facebook.com/303185163868226/videos/584433952062167/