ရခိုင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအနေဖြင့် ဌာနအတွင်း စစ်ဘေးရှောင်များကူညီရန် အလှူငွေမကောက်ခံရန် သတိပေးစာထုတ်ပြန်
PUBLISHED - April 8, 2019
အစိုးရဌာနဆိုင်ရာများအနေနဲ့ စစ်ဘေးရှောင်များကို ကူညီရာမှာ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်မရှိပဲ အလှူငွေမကောက်ခံဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မနေ့က ရက်စွဲနဲ့ ညွန်ကြားစာတစ်ရပ်ကို ထုတ်ပြန် လိုက်ပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင် စားနပ်ရိက္ခာ ဒုက္ခရောက်နေပေမယ့်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နဲ့ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနတို့က အပြင် UN / INGO အပြင် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်လျက်ရှိတဲ့အတွက် မသမာ သူတွေရဲ့ လက်ထဲမရောက်ရှိစေဖို့အတွက် ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ညွှန်ကြားစာမှာ ပါဝင်ပါတယ်။
https://www.facebook.com/303185163868226/videos/410852336141893/