• Follow Us on
Latest News

Home ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Aquarius နည်းပညာကုမ္ပဏီတို့ပူးပေါင်းပြီး Aquarius Day ဖိုရမ်ကျင်းပ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် Aquarius နည်းပညာကုမ္ပဏီတို့ပူးပေါင်းပြီး Aquarius Day ဖိုရမ်ကျင်းပ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁

 

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်နည်း ပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် Aquarius နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များအား ပိုမိုနားလည်စေရန် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန နှင့် Aquarius နည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ “Aquarius Day” ဖိုရမ်ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဖိုရမ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် သံရုံးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ IT ပညာရှင် အရာထမ်းများနှင့် နှစ်နိုင်ငံ ပုဂ္ဂလိက နည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀၀) ကျော် တက်ရောက်ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယနေ့ “Aquarius Day” ဖိုရမ်အခမ်းအနားကို မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် e-Government  စနစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ယနေ့ “Aquarius Day” ဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်ရန် ကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ ဒစ်ဂျစ် တယ် အသွင်ကူးပြောင်းရေးခရီးစဉ်အတွက် အထောက်အပံ့ကောင်း များစွာရရှိနိုင်သဖြင့် အကျိုးရှိသော ဖိုရမ် တစ်ခုဖြစ်ကြောင်း ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Aquarius နည်းပညာကုမ္ပဏီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့တို့အား လက်ခံတွေ့ဆုံ၍ သတင်းအချက်အလက် လုံခြုံရေးနှင့် အိုင်စီတီနည်းပညာဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post