ရတနာပုံတက္ကသိုလ်ကျောင်းဝင်ပေါက်အနီး၌ ပေါက်ကွဲမှုဖြစ်ပွား၊ လူထိခိုက်မှုမရှိ
PUBLISHED - July 20, 2023
နေပြည်တော်၊ ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထန်းတောရပ်ရှိ ရတနာပုံတက္ကသိုလ်ကျောင်းဝင်ပေါက်အနီး၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲကျော်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူထိခိုက်မှု မရှိကြောင်း သိရသည်။
အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောရပ်ရှိ ရတနာပုံတက္ကသိုလ်ကျောင်းလမ်းအတိုင်း ဆိုင်ကယ်စီးလာသည့် PDF ၂ ဦးသည် ရတနာပုံတက္ကသိုလ်ဝင်း ဝင်ပေါက်အနီးအရောက်တွင် လက်လုပ်မိုင်း ဖြင့်ပစ်ပေါက်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ လက်လုပ်မိုင်းသည် ရတနာပုံတက္ကသိုလ်ဝင်း ဝင်ပေါက်၏ ယာဘက် ပေ ၂၀၀ ခန့်အကွာ၊ အုတ်တံ တိုင်းအနီး ကားလမ်းဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
#PeopleMedia