ရထားလမ်းလုပ်ငန်းအပေါ် ကာလကြာရှည်စွာ ထောက်ခံအားပေးကူညီသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူး တင်ကြောင်း ပြည်ထောင်စုဝန်ကြီးပြော

PUBLISHED - January 11, 2021
ရန်ကုန် ၊ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရထားလမ်းလုပ်ငန်းအပေါ် ကာလကြာရှည်စွာ ထောက်ခံအားပေးကူညီသည့်အတွက် တရုတ်နိုင်ငံအား ကျေး ဇူးတင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြော သည်။
ဦးသန့်စင်မောင်က ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ချိတ်ဆက်ပြေးဆွဲမည့် ရထားလမ်းစီမံကိန်း၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် မန္တလေး-ကျောက်ဖြူလမ်းပိုင်းဖြစ်နိုင်ခြေလေ့လာမူဆိုင်ရာ နားလည်မူစာချွန်လွှာလက်မှတ်ထိုးပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်း အပါအဝင် တရုတ်-မြန်မာရထားလမ်း ပူးပေါင်းဆောင်ရွက်မှုသည် နှစ် နိုင်ငံ “The Belt and Road” နှင့် စီးပွားရေးစြင်္ကံ အတူတကွတည်ဆောက်ရေး၏ အရေးပါစီမံကိန်းဖြစ်ရာ မြန်မာနိုင်ငံမှများစွာအလေးထားကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရထား လမ်းလုပ်ငန်းအပေါ် ကာလကြာရှည်စွာ ထောက်ခံအားပေး ကူညီသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ရထားလမ်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများကို အကျိုးကျေးဇူးများ ခံစားရစေမည်ဟု ယုံ ကြည်ကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည်လည်း ပူးပေါင်းဆောင်ရွက်မှုအတွင်း ပိုမိုနက်ရှိုင်းလာမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်သည်။
အဆိုပါ မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၏ ရှေ့မှောက်၌ China Railway Eryuan Engineering Group ကုမ္ပဏီ၊ မြန်မာနိုင်ငံ အမှုဆောင်ကိုယ်စားလှယ် M. Wang Guoliang နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးအောင်ဝင်းတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်းမှာ၂၀၂၀ ဇန်နဝါရီလ မြန်မာနိုင်ငံသို့လာရောက်သည့်တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping ၏ခရီး စဉ်တွင် China Railway Eryuan Engineering Group ကုမ္ပဏီက တင်ပြခဲ့သည့် မူဆယ်-မန္တလေးရထားလမ်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု အစီရင်ခံစာကိုခြေခံ၍ အကောင်အထည်ဖော်လာခြင်းဖြစ်သည်။
တရုတ်ပြည်တွင်း ယူနန် တာလီမှ ရွှေလီအထိ ရထားလမ်းပိုင်းသည် ၂၀၂၃ ခုနှစ်ကုန်တွင် ဖောက်လုပ်ပြီးစီး၍ ရထားပြေးဆွဲနိုင်မည်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်အထိ ပေါက်ရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံဖက်မှ သံလမ်း ဖြင့်ချိတ်ဆက်နိုင်ရန် မျှော်မှန်းလုပ်ဆောင်နေခြင်းလည်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ် ပြန်ချက်တွင်ပါဝင်သည်။
#PeopleMedia #တရုတ်
(unicode)
……………………………………………