• Follow Us on

Home ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲနိုင်ရေးကြိုတင်ပြင်ဆင်မှုများကို ဆောင် ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲနိုင်ရေးကြိုတင်ပြင်ဆင်မှုများကို ဆောင် ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၉

 

ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲ နိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင် ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မြန်မာ့မီးရထား၊ မလွှကုန်းယာဒ် ဝင်းဧရိယာအတွင်း စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် မှာကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် ရထားများကို အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အတွေ့အကြုံများစွာရှိပြီးဖြစ်ကြောင်း၊ အဆိုပါ အတွေ့အကြုံများကို အကျိုး ရှိရှိအသုံးချ၍ ရထားစက်ခေါင်းများ၊ တွဲများ၊ သံလမ်းများကို ကိုယ်တိုင် ထုတ်လုပ်နိုင်ရမည်၊ ခေတ်မီသည့် ရထားသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားအသုံးပြုသည့် မီးရထား စက်ခေါင်းများကို ထုတ်လုပ်နိုင် ရန်လိုကြောင်း၊ ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲ ပြေးဆွဲ နိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းများ ကောင်းမွန်မှသာလျင် ရထားစက်ခေါင်းများ၊ ရထားတွဲများကြံ့ခိုင်ကောင်းမွန်မည်ဖြစ် သည့်အတွက် မီးရထားလမ်းများစနစ်တကျရှိပြီး ကြံ့ခိုင်မှုရှိစေရေးအတွက်လည်း ကျောက်ထည့်သွင်းခြင်း၊ ဇလီဖားတုံးများ ထည့်သွင်းခြင်းတို့ကို စံချိန်စံနှုန်းပြည့် မီရန်နှင့် နည်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဒီဇယ်စက် ခေါင်းပြင်စက်ရုံ(မလွှကုန်း)အတွင်း စက် ခေါင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် စက်ခေါင်းများအား ပြုပြင်ရမည့်အဆင့်အလိုက်၊ ထိန်းသိမ်းရမည့် အဆင့်အလိုက် မပျက် မကွက်ဆောင်ရွက်သွားရန်လိုသကဲ့သို့ ရထားစီးခရီးသည်များအတွက် ဆွဲဆောင်မှုရှိရန်လည်းလိုကြောင်း၊ ရထားလမ်းများ ယခုထက်ပို၍ ကြံ့ခိုင်မှုရှိစေရေး သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ သက်တမ်းကြာ မြင့်ပြီဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အသုံးပြုသည့် ကိရိယာပစ္စည်း များ စနစ်တကျရှိစေရေး တန်ဖိုးထား၍ ထိန်းသိမ်းလုပ်ဆောင်သွားကြရန် လိုကြောင်းနှင့် အခြားလိုအပ်သည် များကို မှာကြားသည်။

 

မလွှကုန်းယာဒ်ဝင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ကုန်တွဲပေါင်း(၉၀၂၁)တွဲကို အသုံးပြု၍ ကုန်စည်သယ်ယူပို့ ဆောင်မှုကို လုပ်ဆောင်ခဲ့ပြီး (၁၉၄၀-၁၉၄၁)ခုနှစ်တွင် ကုန်တန်ချိန် (၄,၀၃၀,၆၅၃) တန်အထိ အများဆုံးသယ် ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post